Friday 17 January 2020

basic သမားများအတွက်

basic သမားများအတွက် ကျနော် နည်းနည်းလောက် ပြောကြည့်မယ်ဗျာ
တိုက်ဆိုင်ရင် ယူကြပါဗျာ။
ဒီလို စစ်ကြည့်မလားဗျ
Power Supply ချိတ်လိုက်တာနဲ့ တီ ဆိုပီး ရှော့ကျရင်
VPH PWR နဲ့ VBat လမ်းကြောင်းတွေ စစ်သင့်တယ်
(အဲ့ထဲမှာ PMU Backlight Network စတာတွေ)
ပါဝါနှိပ်လိုက်လို့ လုံးဝ Amp တက်မလာတော့ရင်
1. Battery Connector
2. FET
3. Power Button & Power key way
4. PMU
ပါဝါနှိပ်လိုက်လို့ Amp တက်လာရင်
VBat , VPH PWR , Power Button & Power Key လမ်းကြောင်း ကောင်းနိုင်
ပါဝါနှိပ်လိုက်မှ 0.6A လောက်အထိ ချက်ခြင်း ထောင်တက်သွားရင်
CPU လမ်းကြောင်းနဲ့ PMU အထွက်ဗို့ လမ်းကြောင်းတွေ ၊
0.05A ဝန်းကျင်လောက်ပဲ တက်နေရင် FET နဲ့ PMU
0.1A - 0.2A ဝန်းကျင်လောက် တက်လာပီး ပြန်ကျသွားရင်
MTK ဖုန်းတွေမှာ PC ချိတ်ပြီး Com port သိမသိစစ်
PC သိရင် Flash tools firmware , .bin firmware ပြန်ရေးကြည့်
Qualcomm ဖုန်းတွေမှာ FET PMU စစ်
0.2A လောက်မှာ ရပ်နေပြီး ပြန်လဲမကျ ဆက်လဲ မတက် ဖြစ်နေရင်
Qualcomm ဖုန်းတွေမှာ eMMC လမ်းကြောင်းစစ်
0.4A လောက် တက်လာပြီးမှ ပြန်ပြန်ပြုတ်ကျသွားရင်
Wireless Group နဲ့ Network ပိုင်းစစ်
အကြမ်းဖျင်းလောက် ဆိုပါတော့ဗျာ
နောက်တစ်ချက်က -
အမ်ပီယာအတက်အကျကိုကြည့်ပြီး power on sequence ကိုလေ့လာလို့ရသလို
အမ်ပီယာ ကိုကြည့်ပြီး error ခန့်မှန်းပုံလေးပါ။အနီးစပ်ဆုံးပေါ့ဗျာ၊ဘာစကုပ်မှ
မရှိတော့လဲ ရှိတာနဲ့ကုပ်ကြည့်တာပေါ့။
ပုံမှန်အတိုင်းကောင်းနေတဲ့စက်တွေမှာပါဝါခလုပ်နှိပ်လိုက်ရင်
0.00A ____0.07A ကိုတက်သွားပါတယ်။ တကယ်လို့ ဒီနေရာမှာ error တက်ပြီဆိုရင်
0.00A ____0.02A လောက်ပဲတက်ပြီး လွတ်လိုက်ရင်ပြန်ကျသွားတတ်ပါတယ်။အဲဒီလိုဖြစ်ရင်
ကျွန်တော်တော့အရင်ဆုံးbattery အ၀င်လမ်းကြောင်းတစ်လျှောက်စစ်ပါတယ်။ FET,AC9 တို့စစ်ပါတယ်။
CRYSTAL စစ်ပါတယ်။လိုအပ်တာလေးတွေလဲကြည့်ပါတယ်။ဒီအခြေအနေမှာဗို့တိုင်းကြည့်၇င်
output capacitor မှာ 0.9v လောက်ရှိနေတတ်ပါတယ်။ နောက်တစ်ချက်က CPU အလုပ်မလုပ်တာ
ဖြစ်နိင်ပါတယ်။
0.00A ____0.12A လောက်တက်ပြီးရပ်နေရင်
အရင်ဆုံး Output volts တွေစစ်ကြည့်ပါ၊ (1.1v,1.1v,1.7v) တွေရှိနေမယ်။ CPU နဲ့EMMC တစ်ဝှက်မှာ
VDD ဗို့လေးတွေစစ်ကြည့်ပါ။ (1.1V,1.7V) လေးတွေ ၇ှိပြီး (2.7V,3V) လောက်ဗို့ ဗို့တစ်ခုပျောက်နေ၇င်
DC to DC လေးတွေအထွက် မှာဗို့စစ်ကြည့်ပါ။အကယ်၍များ
ဒီဗို့တွေအကုန်ရှိနေပြီးအမ်ပီယာဆက်မဆွဲ
ဘူးဆိုရင်တော့ EMMC ပျက်တာ (သို့) Data ပိုင်း Os ပိုင်းပျက်တာဖြစ်နိင်ပါတယ်။
MTK CPU သုံးတဲ့ဖုန်းတွေမှာ ဆိုရင် Flashtool firmware နဲ့ပြန်ရေးကြည့်သင့်ပါတယ်။
တကယ်လို့မရရင်တော့ emmc လဲကြည့်ရမှာပါ။
ရမရကတော့မိမိရဲ hardware skill အပေါ်မှာလဲ
မူတည်ပါတယ်။ကျွန်တော်ပြောတာက ဆက်စပ်တွေးယူပုံလောက်ပါပဲ။
0.00A ___0.22A လောက်မှာ 3G logo ကိုစတက်နေပါပြီ ဒီအခြေအနေမှာ logo မှာအကြာကြီးရပ်နေရင်
ပထမ factory reset ချကြည့်ပါ။ မရရင် firmware ပြန်တင်ကြည့်ပါမယ်။ မရရင်ပါဝါအိုင်စီလဲတာတို့
crystal လဲတာတို့လုပ်ကြည့်ပါ။တစ်ခါတစ်ရံမှာ CPU RAM အပိုင်းမကောင်း၇င် system ပိုင်းကိုဆက်မဆွဲ
နိင်တော့ပဲ logo ကနေ ပြန်ကျလာတဲ့ပြစ်ချက်မျိုးတွေတွေ့ရပါတယ်။အမ်ပီယာပိုတက်သွားပြီး CPU အိုင်စီက်ို စမ်းကြည့်ရင်ပုံမှန်ထက်ပိုပူနေတတ်ပါတယ်။ဒါဆိုရင်တော့ CPU လဲမှပဲရတော့မှာပါ။
HUAWEI တွေမှာ အဖြစ်များပါတယ်။ EMMC အိုင်စီမကောင်းရင်လဲဒီလိုဖြစ်တတ်ပါတယ်။
0.00A ___0.35A,0.45A,0.55A,0.65A စသဖြင့် အမ်ပီယာတွေဆက်တက်သွားတဲ့အခါ
hardware ပိုင်းမှာရှိတဲ့ အိုင်စီတွေ components တွေတစ်ခုခုရှော့ဖြစ်တဲ့လက္ခဏာပါ။ အများအားဖြင့်
wifi အိုင်စီရှော့ဖြစ်တတ်ပါတယ်။ ဒီလိုအမ်ပီယာတက်ပြီဆိုရင်အကောင်းဆုံးကအိုင်စီလေးတွေပေါ်မှာ
လက်နဲ့စမ်းပြီးပူတဲ့ကောင်ကိုရှာဖြုတ်ပေးတာပိုကောင်းပါတယ်။ (ကျွန်တော် လုပ်နည်းပါ) CPU,EMMC တို့ကြောင့်လဲဒီလိုပဲ
အမ်ပီယာတွေတက်တတ်ပါတယ်။
0.00A ___0.35A လောက်ထိတန်းတက်သွားပြီးပါဝါအိုင်စီရဲ့ ထောင့်လေးတစ်ခုခုမှာပူနေရင်
အရင်ဆုံးပူတဲ့နေရာကိုအနီးစပ်ဆုံးသိဖို့ထင်းရှုးဆီအငွေ့ရိုက်တဲ့နည်းကိုသုံးပြီးပါဝါအိုင်စီ ရဲ့ဘယ်နေရာ
ပူလဲဆိုတာမှတ်ထားပါ။ပြီးရင်အိုင်စီကိုဖြုတ်ပြီး 5A စပလိုင်းကို 1.1V လောက်လျှော့ချပြီး အပေါင်းကြိုးကို
ဇာဂနာအချွန်လေးတစ်ခုနဲ့ရောညှပ်ပြီး ic pin ပူတဲ့နေရာလေးတွေကိုမှန်းပြီးထောက်ကြည့်လိုက်ပါ။
ရှော့ရှိတဲ့ငုတ်ဆိုရင်အမ်ပီယာ တက်လာပါမယ်။အများအားဖြင့် L လမ်းကြောင်း တွေမှာရှော့ဖြစ်ရင်
CPU ဘိုက်အောက်ထဲတန်းေ၇ာက်သွားပါတယ်။ y300,y210 တွေမှာအဖြစ်များပါတယ်။
ပါဝါစပလိုင်းချိတ်ချိန်မှာအမ်ပီယာမဆွဲပဲ ပါဝါကီးနှိပ်မှ အမ်ပီယာထောင်တက်သွားမယ်လွတ်လိုက်ရင်
ပြန်ကျသွားရင် output ရှော့ဖြစ်တာပါ။
0.00A____0.45A (Output short)
ဒီလိုရှော့မျိုးကိုရှာရတာအင်မတန်ခက်ပါတယ်။ pcb တစ်လျှောက်ပျံနံ့နေတတ်ပါတယ်။ကျွန်တော်ရှာတဲ့
ပုံကတော့ 5A ကိုဗို့လျှော့ပြီး output coil လေးတွေဖြုတ်ရှာပါတယ်။၅၀%လောက်ပဲအဆင်ပြေတာပါ။
တစ်ခြားနည်းလမ်းတွေလဲရှိမှာပါ မီတာနဲ့x1 ဆွဲပြီးရှာတာတို့၊digital meter မှာအသံ ထုတ်ပြီး ရှာကြပါတယ်။မည်သည့်နည်းလမ်းပဲဖြစ်ဖြစ် error ရှာနိင်တယ်ဆိုရင်အသုံး၀င်တာပါပဲ။လေ့လာထား
သင့်ပါတယ်။
CPU အောက်မှာခဲပူးပြီဆို၇င် 0.22A လောက်ပြတတ်ပါတယ်။
ပါဝါချိတ်လိုက်တာနဲ့ တန်းပြီးပါဝါပွင့်သွားမယ်၊ပြီးရင် battery အားသွင်းတဲ့ပုံပြပြီးအားမ၀င်တာ
မျိုးကြုံရင် PMU ကိုလဲပေးရပါတယ်။ vibrate တုန်နေရင်လဲ ပါဝါအိုင်စီကြောင့်ဖြစ်တတ်ပါတယ်။
PM 8110 အိုင်စီတွေမှာ ချာဂျင်အ၀င်ပုံပြပီး အားမ၀င်ရင် PMU လဲပေးမှရမှာပါ။
610-U00 တွေမှာ Touch မရလို့ Analog volt 2.8v နဲ့Digital volt 1.8v တို့မရောက်ရင်
mt 6320 ကိုလဲပေးရတတ်ပါတယ်။ 511 တွေမှာ sim မဖတ်တာမျိုးကို mt6323 လဲပေးလို့ကောင်း
သွားတာလဲကြုံဖူးပါတယ်။ပါဝါအိုင်စီတွေဟာ ဖုန်းတစ်လုံးမှာလိုအပ်တဲ့ဗို့တွေအကုန်နည်းပါးထုတ်ပေး
ရတဲ့အတွက် အပျက်အစီးလဲများပါတယ်။ခုနောက်ပိုင်း၀င်လာတဲ့ pm 8038 ဆိုရင် backlight ပိုင်း
တွေပါ ပါလာတဲ့အတွက် lcd အလင်းမထွက်ရင် pmu လဲရမယ့်အဖြစ်မျိုးရောက်လာပါပြီ။
အ၀င် FILTER လေးတွေမှာရှော့ဖြစ်တာဆိုရင်တော့ 0.65A လောက်ကနေ 2.00A လောက်ထိပြနေတတ်ပါတယ်။ရှော့ဖြစ်တဲ့ပစ္စည်းလေးတွေပူနေတတ်တဲ့အတွက် ရှာရလွယ်ကူပါတယ်။
PA ရှော့ဖြစ်ရင် ပါဝါချိတ်တာနဲ့ရှော့ ပြနေတတ်ပါတယ်။ sensor တွေရှော့ဖြစ်ရင် logo လည်နေတတ်ပါတယ်။sd card, sim card, အထိုင်နားက esd လေးတွေရှော့ဖြစ်ရင် logo မှာ
ရပ်နေတာမျိုးဖြစ်တတ်ပါတယ်။
တကယ်တော့ ဖုန်းပြင်တဲ့နေရာမှာ ပုံသေနည်းရယ်လို့မရှိနိင်ပါဘူး။တစ်ဦးနဲ့တစ်ဦး idea မတူသလို
အတွေ့အကြုံခြင်းလဲမတူပါဘူး။အခြေခံကောင်းမယ်၊အတွေ့အကြုံ ံများမယ်ဆိုရင် အခက်အခဲတွေ
ကျော်ဖြတ်လာနိင်မှာပါ။
အားလုံးပဲအဆင်ပြေကြပါစေ။
Credit to :ko Aung Myo Min

No comments:

Post a Comment

NCK Crack Tool Ver 2.5.6.2

  NCK Crack Tool Ver 2.5.6.2 ကိုတင်ပေးလိုက်ပါတယ် Install လုပ်နည်း vedio ပါထည့်သွင့်ပေးထားပါတယ် NCK Crack Tool Download https://www.mediafire...