Inductor (or) Coil ဆိုသည်မှာ လျှပ်ကူးပစ္စည်းအတွင်း စီးဆင်းနေသော လျှပ်စီးကြောင်းပြောင်း လွဲမှုကြောင့် သံလိုက်စက်ကွင်း ထွက်ပေါ်လာသည် ဟုဆိုလိုပါသည်။ ၄င်းထွက်ပေါ်လာသော ကြောင့်သံလိုက် စက်ကွင်း၏ညို့ငင်အားကို Inductor ဟုခေါ်သည်။ရှည်သောဝါယာကြိုးသည် တိုသောဝါယာကြိုးထက် ညို့ငင်အားပိုများပါသည် ဖြောင့်သော ကြိုးထက် ငြို့ငင်အားပိုများ သည် ။ ထိုသို့ တိကြသော Indutor တန်ဖိုးရအောင် ၀ါယာကြိုးအားရစ်ခွေထားသော အရာများကို Indutor (or) Coil ဟုခေါ်သည်။
Coil များကို အုပ်စုအလိုက် အသုံးပြုပုံခြင်း အပိုင်းများခွဲခြားထားသည်။
1.
Baster
Coil
2.
Buck
Coil
3.
AF
/ RF Coil ဟုခွဲခြားတွေ့ရှိရပါသည်။
( AF = Audio , RF =
Radio )Coil
Baster Coil ကိုဖုန်းအတွင်း Backlight ပိုင်းDC to DC အပိုင်းတွင် တွေ့ရှိရပါသည်။ Buck Coil ကိုတော့ Charging IC နှင့် Power IC တို့တွင် အသုံပြုပြီး IC များ Loadဆွဲသော အခါ တောင့်ခံနိုင်စေရန် ခံနိုင်ရည်ရှိသော အသေဘာမျိုးဖြင့်အသုံးပြုပါသည်။ AF/RF Coil များကို တော့ Audio Frequency နှင့် Radio Frequency ညို့ယူ ချိန်ညှိသော အပိုင်းတွင် အသုံးပြုထားပြီး Coil များပျက်စီးလျှင် ကြိုး ကျော်ပေးနိုင်သော Coil တစ်မျိုး ဖြစ်သည်။
Coil များပျက်စီးတက်ပုံကို (၂)မျိုးခွဲခြားသိနိုင်ပါသေးသည်။
(1) Coil Opaen Circuit ဖြစ်ခြင်း။
coil ဆိုသည်မှာ -၀ါယာကြိုး ရစ်ခွေထားခြင်း ဖြစ်သောကြောင့် ရစ်ခွေထားသော နေရာတွင်
ဝါယာ ပြတ်သောက်သွားတက်ပါသည်။ Digital Meter ဖြင့် Coil စက် အစွန်းနှစ်ဖက် အား
ညှပ်တိုင်းကြည့်ပါ။ ( အသံမြည်ရမည်ဖြစ်ပါသည်) အသံမမြည်ပါက ထို Coil ပွင့်တက်ပြီး
ဖြတ်တောက်နေသည်ဟု သိနိုင်ပါသည်။ ကောင်းမွန်သော Coil တစ်လုံးဖြင့် အစားထိုလှဲလည်
ပေးနိုင်ပါသည်။
(2) ညိုငင်သော ( Henry)
ကြဆင်းသွားခြင်းကြောင့်လည်းဖြစ်နိုင်ပါသည်။ လျှပ်စစ်ပတ်လမ်း အတွင်း ရုတ်တရက်
အပူချိန် ဖြင့် တက်လာခြင်း ကြောင့် Coil ပေါ်ရှိ လျှပ်ကာများ လောင်သွားပြီး Open
ပွင့် ပြတ်သော်လည်း ပူသွားတက်ပါသည်။ ထိုအနေ အထားတွင် သိရှိသော Henry ညို့ငင်အားကြဆင်းသွားခြင်းကြောင့်လည်း Coil
ပျက်စီးတက်ပါသည်။
No comments:
Post a Comment