Diode (D)
1.
Rectifer
Diode
2.
Switing
Diode
3.
Zender
Diode
4.
TVs
Diode
5.
LED
Diode
လျှစ်စီးကြောင်းကို လားရာတစ်ဖက်တည်းသို့ စီးဆင်းစေသောကြောင့် အပေါင်း အနုတ်အပြန် အလှန်စီးနေသောညာ AC လျှပ်စီးမှ DC လျှပ်စီးသို့ ပြောင်းလဲရာတွင် အသုံးပြုထား သောကြောင့် Backlight အုပ်စုတွင်တွေ့ရှိရပါသည်။
Switing Diode
ဖုန်းအတွင်း Vibrater Motor ပတ်လမ်းတွင်တွေ့နိုင်ပါသည် Rectifer Diode နှင့် ပုံစံတူ သည် Meter ကို Diode စကေးတွင်ထားပီး ညှပ်တိုင်းပါက တစ်ဖက်တွင် Connection (တန်ဖိုး) ပြပြီး ပြောင်းပြန်တိုင်းပါက Conetction မပြပါက / နှစ်ဖက်စလုံး Connection ပြနေပါက ၄င်း Diode ပျက်စီးနေပါသည်။ သူ့ကို Sim ဆော့ကဒ်နားတွင် တွေ့ရှိနိုင်ပါသည်။
Zender Diode
Zender Diode သည် Volt တည်ငြိမ် Diode ဟုခေါ်သည်။ ပတ်လမ်းပေါ်တွင် တစ်ဖက် Ground ချထားလေ့ရှိပါသည်။ (ဥပမာ) 5V ဖြတ်သန်းနိုင်းသော Zender Diode သည် လျှပ်စီးကြောင့် ပြောင်းလဲမှုကြောင့် 5.2V- 5.5V အဖြစ်စီးဆင်းလာပါက ဖြတ်သန်းခွင့် မပြုပဲပိုလာသော Volt ကိုဆွဲထားမည်ဖြစ်သည်။ လျော့နေလျှင်တော့ အလျှော့အတိုင်း ဖြတ်သန်း ခွင့်ပြုပေးသည်။ 5V အတိအကျသာဖြတ်သန်းခွင့်ပြုပေးသည် ဖုန်းCircuit အတွင် Zender Diode ကို Charging ပတ်လမ်းနှင့် Battery ပတ်လမ်းအနီးတွင် အမှာခံ အဖြစ်တွေ့ရသည်။ဖုန်းတိုင်း တွင် မပါဝင်ပါ။ အရွယ်အစားအနည်းငယ် ကြီးသောကြောင့် တစ်ဖက် Groundချထားတက်ပါသည်။ Meter ကို အသံမြည်စကေးဖြင့် နှစ်ဖက်ညှပ်တိုင်းပါက အသံမြည်နေလျှင် Short ကျနေပါသည် ရှာရခက်နေလျှင် ဖြုတ်ချထားလိုက်ပါ။
TVs Diode
ဖုန်း ဆားကစ်ပေါ်တွင် အများဆုံးတွေ့ရသော Diode ဖြစ်သည်။ အရွယ်အစားမှာအခြားသော Diode တို့ထက်သေး ပြီး တစ်ဖက် Ground ချထားတက်ပါတယ်။ Huawei G6 , C8816 , Honor ဖုန်းအချို့တွင် (charging) ခေါင်းအနီး IC ပုံစံဖြင့် တည်ဆောက်ထားပါသည်။ EM (-ES ) မျှားကြောင့် IC ကြီးများမထိခိုက်စေရန် Filter လုပ်ပေးထားပါသည်။ Short ( Circuit) ( Leakage) ဖြင့် ပျက်စီးလေ့ရှိသည်။ Leakage ( ယိုစိမ့်မှု) ဖြစ်သည်ကပိုများသည် (ဥပမာ) Sim လမ်းကြောင်းရှိ TVs Diode (Leakage) ဖြစ် လျှင် Sim မသိတော့ပါ ထို့နောက် No Services ဖြစ်တက်ပါသည်။ Board to Board နှိုင်းယှဉ်ကြည့် မှသာ သိနိုင်ပါတယ် ထို့ကြောင့် သံသယရှိလျှင်ဖြုတ်ချထားပြီး ပြန်မတပ်လဲဖြစ်ပါသည်။
LED Diode
Light Emitting Diode ( LED - အရှည်ကောက်)
Photo Diode
Photo Diode သည် ဖုန်းပတ်လမ်းပေါ်မှာ Sensor အနေနဲ့ အသုံးပြုကြပါသည်။ အလင်းရောင်ကို အာရုံခံပြီး 55KHZ ပမာဏခန့်ရှိတဲ့ Frequency ကို IC တွေဆီကိုထုတ်ပေး တဲ့ အလုပ်ကိုလုပ်ပေးပါတယ်။ သူတို့ Short ကျပြီဆိုတာနဲ့ Power သေခြင်း ၊ Firmware ကျနေသလိုမျိုး Logo မှာပဲရပ်နေတာတွေ ၊ Touch မရတာတွေ နောက်ပြီးတစ်ဖက်လူက ဖုန်းချမှ ကိုယ့်ဖက်က ဖုန်းချလို့ ရတာတွေဖြစ်တတ်ပါသည်။
No comments:
Post a Comment