Saturday 12 October 2019

Collection - 2

Collection - 2
ကျနော် Page မှာတင်ထားတဲ့ Tool တွေကို အလွယ်တကူ ရှာလို့ရအောင် Collection လုပ်ထားပေးသာပါ လိုအပ်သူများ Share ထား ဒေါင်းထားနိုင်ပါတယ် အဆင်မပြေ ရင် CB လာပြောပေးပါပြန်လုပ်ပေးပါမယ်
1. EPI Advance Service Tool

Huawei G730 U00 Fleshable Unicode font

Huawei G730 U00 Fleshable Unicode font
Huawei G730 U00 တွေအတွက်ပါ ဒါကိုသွင်းဖို့အတွက် Root (or) cwm လိုပါတယ်
root ဖောက်ပြီးရင် Mobileuncle Tool နဲ့ cwm ကို သွင်းပါမယ်
ပထမ cwm file ကို sd card ထဲကို extract လုပ်ပါ HUAWEI-G730-U00_131128__recovery_140118-103300.img
ဆိုတဲ့ဖိုင်ကို sd card ထဲးမှဒီအတိုင်းထည့်ထားပေးပါ အဲ့ဒီနောက် Mobileuncle Tool ကိုဖွင့်လိုက်ပါ Root Access တောင်းပါမယ်ပေးလိုက်ပါ
ပြီးရင် Recovery Update ကိုနှိပ်ပြီး HUAWEI-G730-U00_131128__recovery_140118-103300.img
ကိုရွေးပေးလိုက်ရင် cwm သွင်းပေးသွားပါမယ် ပြီးရင်အခုပေးတဲ့
zip လေးကို cwm ကနေ သွင်းလိုက်ရင် ယူနီကုဒ်ဖောင်လေးနဲ့ လန်းနိုင်ပါပြီဗျာ
တခြားဖုန်းတွေကတော့ ရမရမသိပါဘူးဗျာ
ပထမ cwm file ကို sd card ထဲကို extract လုပျပါ HUAWEI-G730-U00_131128__recovery_140118-103300.img
ဆိုတဲ့ဖိုင်ကို sd card ထဲးမှဒီအတိုင်းထည့်ထားပေးပါ အဲ့ဒီနောက် Mobileuncle Tool ကိုဖွင့်လိုက်ပါ Root Access တောင်းပါမယ်ပေးလိုက်ပါ
ပြီးရင် Recovery Update ကိုနှိပ်ပြီး HUAWEI-G730-U00_131128__recovery_140118-103300.img
ကိုရွေးပေးလိုက်ရင် cwm သွင်းပေးသွားပါမယ် ပြီးရင်အခုပေးတဲ့
zip လေးကို cwm ကနေ သှင်းလိုကျရင် ယူနီကုဒ်ဖောင်လေးနဲ့ လန်းနိုငျပါပြီဗြာ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Unicode font zip file
Mobileuncle Tool
CWM img file

Samsung 4.4.4 ဖုန်းများယူနီကုတ်ထဲ့သွင်းနည်း

Samsung 4.4.4 ဖုန်းများယူနီကုတ်ထဲ့သွင်းနည်း
Kingroot ကို apkpure ကအရင်ဆွဲပြီး root လိုက်ပါ အင်တာနက်ဖွင့်ထားရပါမည်။
https://m.apkpure.com/kingroot-apk/com.kingroot.kinguser
ပြီးရင် ဒါလေးapkpure ကနေဆက်ဒေါင်းလိုက်ပါ။
https://m.apkpure.com/sn…/com.satunkyaw.shan.snmfontchanger…
ပြီးရင် SNM font changer app ထဲသို့ဝင်ပါ Samsung ကိုရွေးပါ root access တောင်းရင် allowပေးလိုက်ပါ ဖုန်း restart ဖြစ်ပြီးသွား ရင် unicode ရပါပြီ ။
Credit# Aung Myo Tun

Driver park solution Online လိုအပ်သူများ

Driver park solution Online လိုအပ်သူများ
Download Link.......>>>>>

phone driver download

Collection - 3

Collection - 3
ကျနော် page မှာတင်ထားသမျှ စုစီးမှု လေးပါ လိုအပ်သူများအတွက် တင်ပေးလိုက်ပါတယ်
1. 4K Vedio Downloader

Friday 11 October 2019

Xiaomi ဖုန်းအားလုံးအတွက် Bootloader Unlock လုပ်ခြင်း (Mi A1 မှလွဲ၍)



Xiaomi ဖုန်းအားလုံးအတွက် Bootloader Unlock လုပ်ခြင်း (Mi A1 မှလွဲ၍)





၁။ http://en.miui.com/unlock/ ကိုနှိပ်ပြီး Unlock page ထဲကိုဝင်ပါ။ Mi account ဝင်ပေးရမယ့်နေရာကို တွေ့ပါလိမ့်မယ်။ Mi account မဝင်ရသေးရင် Mi account ဝင်ပေးလိုက်ပါ။ (မှတ်ချက်။ ။ ဖြည့်ပေးမယ့် Mi account ဟာ မိမိလက်ရှိသုံးနေတဲ့ ဖုန်းနံပါတ်နဲ့ Bind ထားပြီးသားဖြစ်နေရပါမယ်။)
၂။ Unlock page ထဲရောက်ရင် Unlock Now ဆိုတဲ့ခလုတ်ကို တွေ့ပါလိမ့်မယ်။ နှိပ်လိုက်ပါ။
၃။ နောက်စာမျက်နှာတစ်ခုမှာ အကွက်လေးတွေ တွေ့ရပါလိမ့်မယ်။ ပထမဆုံးအကွက်ထဲမှာ မိမိနာမည်ကို ဖြည့်ပေးပါ။ ပြီးရင် အောက်က China (+86) ဆိုတဲ့အကွက်ကိုနှိပ်လိုက်ပါ။ Myanmar (+95) ကိုရှာပြီး နှိပ်လိုက်ပါ။ သူ့အောက်ကအကွက်ထဲမှာ မိမိ Mi account နဲ့ Bind ထားတဲ့ ဖုန်းနံပါတ်ကို ရှေ့က 0 ဖြုတ်ပြီး ဖြည့်ပေးပါ (ဥပမာ - 09 123456789 => 9 123456789)။ ပြီးရင် သူ့အောက်က အကွက်ကြီးထဲမှာ ဘာကြောင့် Unlock လုပ်ချင်ရသလဲဆိုတဲ့ အကြောင်းပြချက်ကို ရေးပေးပါ။ ရေးပြီးသွားရင် အောက်က I accept ဆိုတဲ့ စာတန်းရှေ့မှာ အမှန်ခြစ်ကလေး ပေးလိုက်ပါ။ ပြီးရင် Apply Now ကို နှိပ်ပါ။
၄။ နောက်စာမျက်နှာတစ်ခုမှာ စောစောက ဖြည့်ခဲ့တဲ့ ဖုန်းနံပါတ်ဆီ Varification code ပို့ပေးမယ်၊ ဖြည့်ပေးပါဆိုပြီး အကွက်လေးတစ်ခု ပေးထားပါတယ်။ ဖုန်းထဲကို Xiaomi ဆိုတဲ့နာမည်နဲ့ Message ဝင်လာပါလိမ့်မယ်။ အဲ့ Message ထဲက Varification code ကို မှတ်ပြီး စောစောက အကွက်ထဲမှာ ဖြည့်ပေးလိုက်ပါ။ ပြီးရင် Next ကို နှိပ်လိုက်ပါ။
၅။ နောက်စာမျက်နှာတစ်ခုကို ရောက်ရင် BootLoader Unlock လုပ်ဖို့ ခွင့်တောင်းတာ အောင်မြင်ပါပြီ၊ အနည်းဆုံး ၁၀ ရက်စောင့်ပေးပါဆိုပြီး ရေးထားတာ တွေ့ပါလိမ့်မယ်။
ကျွန်တော့်တုန်းကတော့ တစ်ပတ်ပဲကြာပါတယ်။ Xiaomi ဆိုတဲ့နာမည်နဲ့ပဲ Message ပြန်ဝင်ပါတယ်။
ဒါဆိုရင် ပထမတစ်ပိုင်း ပြီးသွားပြီပေါ့။
===========================================
သူတို့ဆီက BootLoader Unlock လုပ်ခွင့် Message ဝင်လာပြီဆိုတာနဲ့ Messgae ထဲမှာပါတဲ့ Link ကနေ Mi Unlock tool ကိုဒေါင်းပါ။ ပြီးရင် ကွန်ပျူတာထဲကိုကူးပြီး Install လုပ်လိုက်ပါ။ ပြီးရင် ဖွင့်လိုက်ပါ။ တစ်ခုသတိထားရမှာက ကွန်ပျူတာကို အင်တာနက်ချိတ်ထားဖို့ လိုပါတယ်။
၁။ Mi Unlock tool ထဲမှာ ပထမဆုံးပေါ်လာတဲ့ Page မှာ Accept or Agree ကို နှိပ်ပါ။
၂။ နောက်တစ်မျက်နှာမှာ Xiaomi ကနေ စာပြန်ပို့ထားတဲ့ ဖုန်းနံပါတ်နဲ့ Bind ထားတဲ့ Mi account ကိုဖြည့်ပေးပြီး Sign in ဝင်ပါ။ နောက်ထပ် Page တစ်ခုကို မြင်ရပါလိမ့်မယ်။
၃။ ဖုန်းကို ပါဝါပိတ်လိုက်ပါ။ Volume Down + Power ကိုတွဲနှိပ်ထားပေးပါ။ Mi Bunny အရုပ်ကလေးကနဲ့ Fastboot ဆိုတဲ့ စာပါတဲ့ Screen ပေါ်လာရင် နှိပ်ထားတဲ့ခလုတ်တွေကို လွှတ်လိုက်လို့ရပါပြီ။
၄။ ပြီးရင် Fastboot အနေအထားနဲ့ ဖုန်းနဲ့ ကွန်ပျူတာကို USB ကြိုးနဲ့ ချိတ်လိုက်ပါ။ ဖုန်းကို Mi Unlock tool ကသိတယ်ဆိုရင် Phone is connected ဆိုတဲ့စာသား ပေါ်လာပါလိမ့်မယ်။ ပြီးရင် အောက်နားလေးမှာပါတဲ့ Unlock ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။
၅။ 0% ကနေစပြီး 100% အထိ Loading လုပ်ပြီး ပြီးသွားရင် Successfully unlock ဆိုတာ ပေါ်လာပါလိမ့်မယ်။ ဒါဆိုရင်တော့ BootLoader Unlock လုပ်တာ အောင်မြင်သွားပါပြီ။
၆။ Mi Unlock tool ထဲကနေ Reboot phone ကိုနှိပ်ပြီး ဖုန်းကို Reboot လုပ်ပေးလိုက်ပါ။
၇။ ပြန်တက်လာရင် Settings>> Additional settings>> Developer Options>> Mi Unlock status ထဲကို ဝင်ကြည့်ပါ။ Unlock ဖြစ်နေတာကို တွေ့ရင် အောင်မြင်ပါပြီ။


သတိပြုရမှာက
၁။ BootLoader Unlock လုပ်ဖို့ Mi Unlock tool ကိုဖွင့်ထားတဲ့အချိန် တစ်ချိန်လုံး ကွန်ပျူတာကို အင်တာနက်ချိတ်ထားဖို့၊ လိုင်းကောင်းဖို့ လိုပါတယ်။
၂။ နောက်ပြီး BootLoader Unlock လုပ်ဖို့အတွက် အရင်ကလို Developer ROM တင်ထားဖို့မလိုတော့ပါဘူး။ Stable ROM  ကနေလည်း Unlock လုပ်လို့ရသွားပါပြီ။)
ကျွန်တော့်အရင်ဖုန်းက Redmi Note 3 SnapDragon Version ရော အခုလက်ရှိ Redmi Note 4X SD ရော ဒီနည်းနဲ့ပဲ ကျွန်တော်ကိုယ်တိုင် အဆင်ပြေပြေ လုပ်ပြီးပါပြီ။
အဆင်ပြေပါစေ။

mi phone ပြောင်းသုံးရင် ‌ကောင်းမလားလို့...

မသိတာလေးတွေ မေးပါရစေ ခင်ဗျ။
ခု Samsung သုံးနေပါတယ်။
mi phone ပြောင်းသုံးရင် ‌ကောင်းမလားလို့...
မသိတာတွေက အတော်များနေတော့...

  1. Xiaomi နဲ့ red mi က ဘာကွာသွားတာပါလဲ?
  2. Note နဲ့ ရိုးရိုးဖုန်းကရော ဘာတွေ ကွာသွားပါလဲ?
  3. China နဲ့  global phone တွေကရော ကွာခြားချက်ကလေးတွေ ပြောပြပေးကြပါ။
  4. Warranty ပါတာနဲ့ မပါတာတွေ အကြောင်းအပြင် အခြားသိအပ်တာများ ရှင်းပြပေးစေချင်ပါတယ်။

ကျေးဇူးပါ။


နံပါတ် ၁
Xiaomi ဆိုတဲ့ကုမ္ပဏီကနေထုတ်တဲ့ ဖုန်းတွေကို Mi Series နဲ့ Redmi Series ဆိုပြီး နှစ်မျိုးထုတ်တယ်။ Mi series ထဲမှာ Mi 1/2/3/4/5/6, Mi Note 1/2/3, Mi Max 1/2, Mi Mix ဆိုပြီးရှိတယ်။ Redmi Series ထဲမှာ Redmi 1/2/3/4/5, Redmi Pro, Redmi Note 1/2/3/4/5 ဆိုပြီး ရှိတယ်။ ခုနောက်ပိုင်းမှာ ထပ်ပြီးထုတ်တာက Selfie အသားပေးဆိုပြီး Y series နဲ့ တစ်ခုတော့ ထွက်ထားတယ်။ အားလုံးနဲ့ခွဲထွက်သွားတာက Mi A1၊ သူက Google နဲ့ပေါင်းပြီးထုတ်တာ၊ Android One series ထဲရောက်သွားတယ်။ Mi နဲ့ Redmi ဘာကွာလဲဆိုတော့ Specifications ကွာတယ်။ Mi series တွေမှာ ဖြစ်နိုင်သမျှ နောက်ဆုံးပေါ် Chip တွေပဲသုံးတယ်။ ဒါကြောင့် Mi series တွေမှာ MTK chip သုံးတာဆိုလို့ အရမ်းရှားတယ်။ အကုန်လုံး SnapDragon တွေချည်းပဲ။ ထုတ်တဲ့ဖုန်းရဲ့ ထုတ်တဲ့အချိန်မှာ နောက်ဆုံးထွက်ထားတဲ့ SD Chip ကိုပဲ သုံးပြီး ထုတ်တာ။ ကင်မရာတွေကအစ၊ ဖုန်းကိုယ်ထည်အဆုံးပေါ့။ ဒါကြောင့် Mi series တွေဟာ High-end ဖုန်းတွေဖြစ်တတ်တယ်... ဒါပေမယ့် Xiaomi ရဲ့ထုံးစံအတိုင်း Xiaomi ရဲ့ High-end ဖုန်းတွေရဲ့ဈေးဟာ အခြားတံဆိပ်တွေမှာရောင်းတဲ့ဈေးရဲ့ မသက်သာဘူးဆိုရင်တောင် အနည်းဆုံး သုံးပုံတစ်ပုံလောက် သက်သာနေတတ်တယ်။ နောက်တစ်ခုက Redmi series..... သူကျတော့ Mid-range Chip တွေထဲမှာမှ စွမ်းဆောင်ရည်မြင့်တဲ့ Chip ကိုသုံးပြီးထုတ်တာ။ သူကျတော့ ဈေးသက်သက်သာသာနဲ့ လူတန်းစားမရွေးကိုင်နိုင်အောင် ထုတ်တော့ MTK Chip နဲ့ရော၊ SD Chip နဲ့ရော၊ ထုတ်တတ်တယ်။ အဲ့တော့ Mi နဲ့ Redmi ဘာကွာလဲဆိုတော့ အကြမ်းဖျဉ်း Spec နဲ့ ဈေးနှုန်းကွာတာပေါ့ 😁😁😁။



နံပါတ် ၂
Note နဲ့ ရိုးရိုးဖုန်းက ဘာမှမကွာပါဘူး။ မျက်နှာပြင်အကျယ်နဲ့ ဘက်ထရီပမာဏလောက်ပဲ ကွာတာပါ။ Spec ကကျတော့ Mi နဲ့ Redmi ကွာသလို Mi Note နဲ့ Redmi Note လည်း ကွာတာပါပဲ။ သေချာတာတော့ Mi series ကို Redmi Series က ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ Target ထားတဲ့ဈေးကွက် ကွာလို့ပါ။

နံပါတ် ၃ နဲ့ ၄
China နဲ့ Global ဖုန်းတွေက ဘာကွာလဲဆိုတော့ အကြမ်းဖျဉ်းအားဖြင့် ဖုန်းထဲမှာ သုံးထားတဲ့ ROM အမျိုးအစားနဲ့ ROM ထဲမှာပါတဲ့ လုပ်ဆောင်ချက်တစ်ချို့ ကွာပါတယ်။ Mi series ထဲမှာရော Redmi series ထဲမှာပါ China market အတွက် သီးသန့်ထုတ်တဲ့မော်ဒယ်တွေ ရှိပါတယ်။ အဲ့လိုမော်ဒယ်တွေအတွက်ကျတော့ Global ROM မရှိတတ်ပါဘူး။ China market ကို ဦးတည်ထားလို့ တရုတ်ပြည်တွင်းမှာ အသုံးများတဲ့လုပ်ဆောင်ချက်တွေကိုပဲ ဦးစားပေးထည့်ထားလို့ပါ။ နောက်ပြီး အဲ့လိုအလုံးတွေက Contract အလုံးတွေဖြစ်တတ်ပါတယ်။ တရုတ်ပြည်တွင်းတယ်လီကွန်တွေနဲ့ ချိတ်ပြီးရောင်းတတ်တဲ့အလုံးတွေပါ။ ဒါပေမယ့် အောက်လမ်းကနေ အခြားနိုင်ငံတွေကို ဝယ်ရောင်းလုပ်နေတဲ့လူတွေကြောင့် အဲ့လိုအလုံးတွေက အခြားနိုင်ငံတွေမှာလည်း ပျံ့နေတတ်ပါတယ်။ Contract အလုံးလို့ သေချာပြောနိုင်တဲ့အချက်က ဖုန်းရဲ့နောက်ကျောဘက်မှာ 4G Logo ပါတာနဲ့ ပါဝါဖွင့်လိုက်ရင် Mi Logo နဲ့ တက်မလာဘဲ 4G Logo နဲ့ တက်လာတတ်တာပါ။ Contract မဟုတ်တဲ့အလုံးတွေလည်း ရှိပါတယ်။ Global အလုံးကျတော့ Global ကိုဖြန့်တဲ့မော်ဒယ်တွေပေါ့။ Xiaomi ရဲ့ အဓိက Global ဈေးကွက်က အိန္ဒိယနိုင်ငံပါ။ အိန္ဒိယနိုင်ငံမှာက Official Showroom ရော Sale center ရော၊ Official service center ရော ရှိပါတယ်။ နောက်ပြီး တစ်ချို့မော်ဒယ်တွေကို အိန္ဒိယဈေးကွက်ကို ဦးတည်ပြီးထုတ်ထားတာတွေ ရှိပါတယ်။ Launch event ကိုပါ တရုတ်မှာတောင်မလုပ်ဘဲ အိန္ဒိယမှာပဲ လုပ်တာပါ။ အဲ့တော့ ဘာကွာလဲဆို ဘာမှမကွာပါဘူးလို့ပဲ ပြောလို့ရပါတယ်။ အချို့ကတော့ အာမခံပါတာမပါတာ ကွာတယ်ပြောကြတယ်။ ဒါပေမယ့် တရုတ်ပြည်တွင်းမှာလည်း တရားဝင်အရောင်းဆိုင်၊ ပြခန်း၊ ဆားဗစ်စင်တာတွေရှိလို့ အာမခံက တရုတ်မှာလည်း ရပြီးသားပါ။ Global မှာကလည်း သူ့တရားဝင်ဆိုင်တွေရှိတဲ့နိုင်ငံတွေမှာလည်း အာမခံဆိုတာ ပါပြီးသားပါ။ မြန်မာနိုင်ငံမှာကျ‌တော့ တရားဝင်ဆားဗစ်စင်တာမရှိပါဘူး။ တရားဝင်တင်သွင်းဖြန့်ချီခွင့်ရတဲ့ ကိုယ်စားလှယ်ပဲရှိပါတယ်။ ကျွန်တော်သိသလောက်ပေါ့။ ဒါကြောင့် ဒီနိုင်ငံမှာတော့ အာမခံဆိုတာ သိပ်ပြီးအရေးပါလှတယ်လို့လည်း မဟုတ်ပါဘူး။ ဖြစ်လာရင် ခေါင်းရှောင်ဖို့လောက်ပဲ သိကြတယ်။ မတတ်နိုင်တော့တဲ့အဆုံးကျမှ လုပ်ပေးတတ်ကြတယ်။ (ပြောရင်းနဲ့ နိုင်ငံရေးတွေပါကုန်ပြီ 😂😂😂။) တစ်ချို့ဆိုင်တွေကတော့ Risk ယူတာလည်းပါတယ်၊ ဆိုင်ရဲ့ပုံရိပ် မထိခိုက်စေချင်တာကြောင့်လည်းပါတယ်။ အတတ်နိုင်ဆုံး ဆိုင်အာမခံအနေနဲ့ ခြောက်လဆိုပြီး အာမခံပေးတတ်တယ်။ မြန်မာနိုင်ငံမှာ တရားဝင်တင်သွင်းဖြန့်ချီခွင့်ရတဲ့ကုမ္ပဏီက Strong Source ကုမ္ပဏီပါ။ သူကတော့ အရောင်းစင်တာတွေဖွင့်ပြီး Mi သီးသန့် ကောင်းတတ်ပါတယ်။ သူကတော့ အာမခံ ဆိုတဲ့စာတန်းကြီးကို ဘူးပေါ်မှာကပ်ထားတယ်။ သုံးစွဲသူတွေကို သူတို့ပြောပြောတတ်တဲ့ Official 1 year Warranty ဆိုပြီးတော့ပေါ့။

အဲ့တော့ အခြားနိုင်ငံတွေမှာမဟုတ်ဘဲ  မြန်မာနိုင်ငံအနေနဲ့  ကြည့်မယ်ဆိုရင် Warranty ပါတာနဲ့မပါတာ ဘာကွာလဲဆိုတော့  ဈေးနှုန်းကလွဲရင် ဘာမှမကွာပါဘူး။ Spec လည်း အတူတူပါပဲ။ Official 1 year Warranty ဆိုတဲ့စာတန်းပါတဲ့ဟာဆိုရင် မပါတဲ့ဟာထက် အနည်းဆုံး ၂ သောင်းလောက် ဈေးများတတ်ပါတယ်။

အခြားသိအပ်တာတွေကတော့

၁။ MIUI Rom တွေအကြောင်း

 MIUI Rom တွေမှာ China rom နဲ့ Global rom နှစ်မျိုးခွဲတယ်။ China Rom မှာက တရုတ်ဆော့ဝဲတွေပါတယ်။ Google service တွေကို ကိုယ့်ဟာကို ပြန်ထည့်ပေးရတယ်။ Global rom မှာက တရုတ်စာလုံးဝမပါဘူး၊ Google နဲ့ပက်သက်တာတွေ အကုန်အော်တိုပါတယ်။ China rom ထက်ဖိုင်ဆိုဒ်ကြီးတယ်။ China rom ရော Global rom မှာပါ Stable version နဲ့ Dev version ဆိုပြီး နှစ်ခုထပ်ခွဲထားတယ်။ သိပ်မကလိတတ်ဘူး....ပုံမှန်သုံးတဲ့သူဆိုရင်တော့ Stable rom ပဲသုံးလို့ရပါတယ်။ အပတ်တိုင်း Update လုပ်ချင်တယ်၊ Feature အသစ်တွေကို ကလိချင်တယ်ဆိုရက်တော့ Dev rom ကိုသုံးလို့ရပါတယ်ဗျ။ Stable က Bugs မရှိသလောက်နည်းပါတယ်ဗျ၊ Dev မှာက Bug အနည်းနဲ့အများဆိုသလို ပါတတ်ပါတယ်ဗျ။ Dev မှာ Feature အသစ်တွေကို မိတ်ဆက်တဲ့အပါတ်တွေရှိသလို တစ်ချို့အပါတ်တွေမှာကျတော့ အရင်အပါတ်က ထွက်ခဲ့တဲ့ Rom က Bug and error ကို Fix လုပ်ပြီး ထွက်တဲ့အခါလည်း ရှိပါတယ်ဗျ။ အဲ့လို ထပ်ထည့်ထားတဲ့ Feature အသစ်တွေ Bug မရှိပဲ Stable ဖြစ်သွားတဲ့အခါမှာတော့ Stable rom version အသစ်ထွက်ပါတယ်ဗျ။ အဲ့ဒါကြောင့် သိပ်မကလိပဲ အငြိမ်ပဲသုံးတတ်တဲ့သူတွေကတော့ Stable နဲ့ ပိုသင့်တော်ပါတယ်။ ဘာကိုသုံးမလဲဆိုတာကတော့ သုံးစွဲသူရဲ့ရွေးချယ်မှုပါပဲ။ ကိုယ်နဲ့သင့်တော်မယ့် Rom ကိုရွေးသုံးပါ။ နောက်ပြီး Mi မှာက ဇော်ဂျီသုံးဖို့သက်သက်နဲ့တော့ Root မလိုတော့ပါဘူး။ Theme font နဲ့တင် အဆင်ပြေပါတယ်။

နောက်တစ်ခု MIUI Rom တွေမှာ အမျိုးအစားတွေကွဲတဲ့အတွက် ကိုယ်သုံးနေတာ ဘာ MIUI Rom အမျိုးအစားလဲဆိုတာသိချင်ရင်တော့ -
Stable rom က MIUI 9.x.x.x နဲ့စပါတယ်။ အဲ့ဒီ MIUI Version နောက်မှာပါတဲ့ စာလုံးခုနစ်လုံးကိုကြည့်ပါ။ လေးလုံးနဲ့ငါးလုံးမြောက်မှာ -
CN ပါရင် China Stable
MI ပါရင် Global Stable 

Dev rom က လက်ရှိမှာတော့ 8.x.xx နဲ့စပါတယ်၊ (MIUI version အနောက်မှာလည်း Beta လို့ပါပါတယ်) ရှေ့ဆုံးက ခုနှစ်၊ အလယ်က လ၊ နောက်ဆုံးက ထွက်တဲ့ရက် (ဥပမာ - 8.2.8 ဆိုရင် 2018 ခုနှစ် 2 လပိုင်း 8 ရက်နေ့ထွက်တဲ့ Developer Rom ပေါ့)


၂။ MIUI Settings
MIUI ROM ဟာ Google က ထုတ်လိုက်တဲ့ မူလ Pure Android ကို သုံးစွဲသူတွေ အသုံးများတဲ့၊ တောင်းဆိုတာများတဲ့ အသုံးဝင်တဲ့လုပ်ဆောင်ချက်လေးတွေ ထပ်ဖြည့်ပြီး Xiaomi ကထုတ်တဲ့ Mi devices တွေမှာ Run ပေးတဲ့ Android အခြေခံ UI တစ်ခုပါ။ MIUI - Mi UI (မီယူအိုင်) လို့ အသံထွက်ပါတယ်။  မူလ Android မှာက မရှိမဖြစ်လိုအပ်တဲ့အက်ပ်နဲ့ လုပ်ဆောင်ချက်တွေကလွဲရင် ဘာမှမပါတဲ့အတွက်ကြောင့် သုံးစွဲသူတွေက တတိယပါတီအက်ပ်တွေ ထပ်သွင်းပေးရပါတယ်။ MIUI က အဲ့လိုအက်ပ်တွေ ထပ်သွင်းစရာမလိုအောင် တစ်ပါတည်း ROM ထဲမှာထည့်ပေးလိုက်လို့ အသုံးများတဲ့ လုပ်ဆောင်ချက်တော်တော်များများအတွက် အပြင်ကအက်ပ်တွေ ထည့်စရာ မလိုတော့တာပါ။ (Pure Android နဲ့ MIUI ROM ရဲ့ ကွာခြားချက်နဲ့ အကျိုးအပြစ်တွေကို သပ်သပ်ပို့စ်တစ်ခု ထပ်ရေးပါဦးမယ်။) အဲ့လိုထည့်ပေးထားတဲ့အတွက်ကြောင့် ပါတော့ပါတယ်၊ ရှာပြီး သုံးရပါတယ်။ MIUI ROM ရဲ့ Settings ပိုင်းဟာ အခြားသော UI တွေထက် အနည်းငယ်ရှုပ်ပါတယ်။ နေရာစုံမှာ ပြန့်နေတာကိုး။ အခု နောက်ဆုံးထွက်ထားတဲ့ MIUI 9 မှာ အတတ်နိုင်ဆုံး အရိုးရှင်းဆုံးဖြစ်အောင် ပြင်ဆင်ထားတာကို တွေ့ရပါတယ်။

NCK Crack Tool Ver 2.5.6.2

  NCK Crack Tool Ver 2.5.6.2 ကိုတင်ပေးလိုက်ပါတယ် Install လုပ်နည်း vedio ပါထည့်သွင့်ပေးထားပါတယ် NCK Crack Tool Download https://www.mediafire...