Thursday 10 October 2019

မေလ ၃၁ ရက်နေ့မှာ နောက်ထပ် Mi Note စီးရီးတစ်မျိုးကို မိတ်ဆက်ဦးမှာလား

မေလ ၃၁ ရက်နေ့မှာ နောက်ထပ် Mi Note စီးရီးတစ်မျိုးကို မိတ်ဆက်ဦးမှာလား 


အားလုံးသိထားကြတဲ့အတိုင်း မေလ ၃၁ ရက်နေ့မှာ ရှောင်မီကနေ Highend စမတ်ဖုန်းစီးရီးဖြစ်တဲ့ Mi Series ထဲက Mi 8 ကို စတင်မိတ်ဆက်ပေးတော့မှာပဲ ဖြစ်ပါတယ်။ မိတ်ဆက်ပွဲနီးလာတာနဲ့အမျှ တရုတ်နိုင်ငံထဲမှာလည်း ကောလဟာလတစ်ခု ထပ်ထွက်လာခဲ့ပါတယ်။ ဒီတစ်ခါထွက်လာတဲ့ ကောလဟာလကတော့  Mi Note Series နဲ့ပတ်သက်နေတာပဲ ဖြစ်ပါတယ်။
အောက်ကပုံထဲမှာ တွေ့ရတဲ့အတိုင်း ၃၁ ရက်နေ့မိတ်ဆက်ပွဲအတွက် ဖိတ်ကြားတဲ့ဖိတ်စာထဲက အချက်အလက်တွေဟာ တရုတ်နိုင်ငံရဲ့ နာမည်ကြီးလူမှုကွန်ယက်တစ်ခုဖြစ်တဲ့ Weibo ထဲမှာ ပျံ့နှံ့နေပြီဖြစ်ပါတယ်။

အဲဒီတော့ ပုံထဲကအချက်အလက်တွေအတိုင်းသာဆိုရင် နောက်ထပ်ထွက်ရှိလာမယ့် Mi Note Series ရဲ့ Specification တွေဟာ အကြမ်းဖျဉ်းအားဖြင့် အောက်ကအတိုင်းပဲ ဖြစ်လာပါလိမ့်မယ်။
မျက်နှာပြင်အကျယ်က ၅.၉၉ လက်မဖြစ်ပြီး Snapdragon 835 Processor ကို အသုံးပြုထားပါမယ်။ RAM အနေနဲ့ 6 GB ပါဝင်မှာဖြစ်ပြီး Internal Storage အနေနဲ့ 64GB ပါဝင်မှာဖြစ်ပါတယ်။ နောက်ဘက်ကင်မရာမှာတော့ 4-Axis OIS ပါဝင်တဲ့ Dual camera ကို အသုံးပြုထားပါမယ်။

လက်ရှိမှာတော့ ဒီလောက်ပဲ သိထားကြပါသေးတယ်။
ကဲ... အဲဒီတော့ နောက်ထပ်ထွက်လာမယ့် Mi Note series ဟာ Mi Note 4 ပဲဖြစ်မလား၊ တရုတ်နိုင်ငံမှာ လေးဂဏန်းကို ကံမကောင်းတဲ့နံပါတ်အဖြစ် မှတ်ယူထားကြတဲ့အတွက် Mi Note 5 လို့ပဲ ပွဲထွက်လာမလားဆိုတာ မေလ ၃၁ ရက်နေ့မှာ စောင့်ကြည့်လိုက်ကြရအောင်ပါ။

No comments:

Post a Comment

NCK Crack Tool Ver 2.5.6.2

  NCK Crack Tool Ver 2.5.6.2 ကိုတင်ပေးလိုက်ပါတယ် Install လုပ်နည်း vedio ပါထည့်သွင့်ပေးထားပါတယ် NCK Crack Tool Download https://www.mediafire...