Thursday 25 July 2019

User Lock Remove Tool For OPPO A37 / OPPO A57 / Vivo V7 Plus

Crd....Kaung Htoo San

User Lock Remove Tool For OPPO A37 / OPPO A57 / Vivo V7 Plus
**********************************************************************

OPPO A37 / OPPO A57 / Vivo V7 Plus တို့မှာ User Lock ဖြည်ချင်သူတွေအတွက် 9008 mode ကနေ One Click နဲ့ ဖြည်နိုင်အောင် Tool လေးပြုလုပ်ထားပါတယ်။ သတိထားပေးစေချင်တာကတော့ OPPO A37 ဆို A37 အတွက်ပဲ သုံးပေးပါ။ A37fw တို့မှာဆိုရင် အဆင်ပြေမှာမဟုတ်ပါဘူး။ အခြား model တွေကိုလည်း Tool ထဲမှာပါဝင်တဲ့
model တွေကိုသာ အသုံးပြုနိုင်ပါမယ်။ လိုအပ်သူများ ရယူအသုံးပြုနိုင်ပါတယ်။

Remark - Tool နဲ့ ပတ်သတ်ပြီး Error တစ်ခုခုတက်ခဲ့မယ်ဆိုရင်တော့ တာဝန်မယူပါ။ အဆင်ပြေစေရန် စေတနာနဲ့ မျှဝေပေးထားခြင်းကြောင့်
နားလည်ပေးစေချင်ပါတယ်။

Download Link - http://www.mediafire.com/file/bey3m5ezfjehwvx/User+Lock+Remove.7z

Password - 24sevennn.blogspot.com



Monday 15 July 2019

အသုံးလိုမဲ့ website များ ကို စုစည်း ပြီတင်ပေးလိုက်ပါတယ်

အသုံးလိုမဲ့ website များ ကို စုစည်း ပြီတင်ပေးလိုက်ပါတယ်

English Grammar Basic ......

English Grammar ကို Online ကနေသင်ယူလို့၇တဲ့ ဆိုဒ်လေး

English Grammar Lession များကို Download လုပ်တဲ့ ဆိုဒ်လေး

Computer A+ Basic Online Training အခမဲ့ သင်ကြားနိုင်တဲ့ ဆိုဒ်

Computer Basic အကြောင်းလေ့လာနိုင်တဲ့ ဆိုဒ်လေးပါ မြန်မာ ဆိုဒ်လေး

Computer Netowk,Hacking,Photo shot,Android,iphone အခြားနည်းပညာ စာအုပ်များ ကို Down နိုင်တဲ့ဆိုက်လေးပါ

ကားအကြောင်းစိတ်ပါဝင်စားရင် ၀င်ရောက်လေ့လာနိုင်တဲ့ ဆိုဒ်ပါ




Kenbo O41 Firmware

Kenbo O41 Firmware လေးတင်ပေးလိုက်ပါတယ်

Download Link 1.....

Kenbo O21 Firmware

Kenbo O21 Firmware တောင်းဆိုထားသူများအတွက် တင်ပေးလိုက်ပါတယ်

Download Link....>>>>>


PES 2019 PRO EVOLUTION SOCCER V3.3.1

PES 2019 PRO EVOLUTION SOCCER V3.3.1 

Apk + Obb File တွဲပြီတင်ထားပေးပါတယ် Vpn Software ကို အရင် Install လုပ်ပါပြီရင် Vpn ကိုဖွင့်ပြီ Connect လုပ်ပါ ပြီ မှာ Pes ကိုဖွင့် ပါ region တောင်းရင် Indeia ရွှေးပါ ရပါပြီ

Apk + Obb Download Link....>>>>>

Sunday 7 July 2019

Realme C1 အကြောင်း လေ့လာကြည့်ခြင်း

Realme C1 အကြောင်း လေ့လာကြည့်ခြင်း ..!
Realme ဆိုတာ Oppo ရဲ့ Sub Brand တစ်ခုဖြစ်ပြီးတော့
Mid-range နဲ့ Budget series တွေထဲမှာ ထိုးဖောက်ဖို့
အားအင်အပြည့်နဲ့ ဝင်ရောက်လာပါပြီ ယခုလောလောဆယ်
ပြည်တွင်း ဈေးကွက်ထဲမှာတော့ Realme C1 ကို ဝယ်ယူ
ရရှိနိုင်ပြီး သူ့အချက်အလက်လေးတွေကို တချက်လောက်
ကြည့်လိုက်ရအောင်......
ပထမဆုံးက တည်ဆောက်ပုံပေါ့..
သူ့တည်ဆောက်ပုံက ရိုးရှင်းပါတယ် ။ budget ဖုန်းဖြစ်တာ
နဲ့ အညီ Plastic body ကိုမှ ခုခေတ်ဖုန်းတွေရဲ့ Design
ဖြစ်တဲ့ကျောဖက် Glass နဲ့ပါ။ Plastic Body ဖြစ်တာကြောင့်
Metal တွေထက်တော့ပေါ့ပါတယ်။ ဒါပေမယ့် စီးစီးပိုင်ပိုင်နဲ့
ကိုင်ရတာ အဆင်ပြေပါတယ် ။ အောက်ဖက်မှာ Speaker ရယ် Mic ရယ် USB 2.0 ပေါက်ရယ် 3.5 mm နားကြပ်ရယ်
ပါပြီး ဘယ်ဘက်မှာတော့ Volume Rock တွေရယ် SIM tray ရယ်ပါပါတယ် ။ ညာဘက်ကတော့ ထုံးစံအတိုင်း Power ခလုတ်ပါ ။
ပြီးတော့ သူ့ရဲ့ Display ..
Budget ဖုန်းတလုံးမှာ မသုံးကြတဲ့ 6.2 inch မျက်နှာပြင်ကို
တပ်ပေးထားတာကတော့ တော်တော်အားရစရာပါ။
ရုတ်တရက်ကြည့်မယ်ဆိုရင်တောင် Budget ဖုန်းလို့
ထင်စရာမရှိတဲ့ Display ပေါ့ ။ 19:9 ဆိုတော့ Full View
ဖြစ်တယ်။ IPS LCD Display ဆိုတော့ ကြည်ပြီးလှပတယ်။
ဒါပေမယ့် Resolution က 720 x 1520 pixels ဖဲရှိတာမို့ Budget ဖုန်းဆိုတော့ အများကြီးမျှော်လင့်ထားလို့မရဖူးပေါ့။
ဒါပေမယ့် ကြည့်ရတာ မိုက်တယ်။ တန်ဖိုးနည်းတယ်လို့
ထင်ရက်စရာမရှိဖူး။ ခုခေတ်ဖုန်းတွေလို သူလည်း ဂျိုလေးနဲ့ဆိုတော့ နည်းနည်း Style ကျသွားတာ အမှန်ဖဲဗျ။ Corning Gorilla Glass 3 လေးလည်းပါတော့ ပိုစိတ်ချသွားရတာပေါ့။
သူ့ရဲ့ Platform ...
ဈေးနှုန်းသင့် Budget ဖုန်းပေမယ့် Android Version 8.1
(Oreo) ကိုမှ Color OS 5.1 နဲ့ပါ .. Oppo Sub Brand
ဖြစ်လို့ Ui အတွက် ထွေထွေထူးထူးပြင်စရာမလိုပါဖူး ။
Chipset ကတော့ Qualcomm ရဲ့ Snapdragon 450 ဗျ ။
ခုနောက်ပိုင်းမှာ MTK တောင် နည်းနည်းငုတ်သွားသလိုပါဖဲ
SD တွေ တအားသုံးလာကြတယ် ။ ရေရှည်လဲ အဆင်ပြေတယ်ပေါ့။ ဟုတ်ပြီ အဲဒီ SD 450 ကိုမှ Octa-core နဲ့ပါ။
GPU က Adreno 506 နဲ့ ။ မဆိုးပါဖူးသူ့အိုး သူ့ဆန်ကတော့
လုံးဝ တန်ပါတယ်။ PUBG ဘာညာတော့ ဆော့လို့ရပါမယ် ။
အရမ်းကြီး လန်ထွက်နေဖို့တော့ မျှော်လင့်လို့မရပါဖူး ။သတိချပ်ရမှာ သူက Budget ဖုန်းပါ။
Storage ပိုင်းမှာက.....
RAM 2 GB ကိုမှ 16GB နဲ့ဝင်ပါမယ်။ RAM အနေအထားအနေနဲ့ နည်းတယ်လို့ထင်ကောင်းထင်နိုင်ပါတယ်။
ဒါပေမယ့် PUBG ရဲ့ Minimum Requirement က RAM 2GB ဖြစ်နေလို့ဆော့ရတာပါ။ Storage 16 GB ကလည်း
နည်းတယ်လို့ ထင်ရပြန်ရော .. ဒါပေမယ့် သူ့ sim tray က
Hybrid မဟုတ်တာကြောင့် SIM 2 ကတ်အပြင် SD card ပါတပြိုင်တည်း ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ 256GB ထိ
Support လုပ်တာဆိုတော့ Storage ပြသနာက အလောက်
ကြီးကြီးမားမား မဟုတ်တော့ပါဖူး။
Budget ဖုန်းရဲ့ Camera တွေက....
Main Cam ကတော့ Dual Cam ကို အသုံးပြုတားပါတယ်။
13 MP, f/2.2 Auto focus နဲ့ 2MP f/2.4 ,depth sensor
တပ်ဆင်ပေးထားပါတယ်။ Time-lapse တွေ Video တွေ သာမက Portrait ရယ် Sticker တွေရယ်ကိုလည်း
ထည့်ပေးထားပါတယ်။ Beauty mode တွေရယ် Filter တွေရယ်ကလည်း အဆင်သင့်ပါဖဲ။ Selfie ကတော့ 5MP
Single Cam ဖြစ်ပြီး f/2.2 နဲ့ပါ။
Battery အပိုင်း ...
Big Screen , Big Battery လို့ပြောရမှာပါဖဲ .. Budget ထဲမှာမှ Li-Ion 4230 mAh battery နဲ့ဆိုတော့တော်တော်ကြီး
ဂေါ်ပါတယ်။ အမုန်းသုံးရုံပါဖဲ။ ဒါပေမယ့် ဖြုတ်တပ်တော့
လုပ်မရပါဖူး။ Bettery အသေပါ။ ဂိမ်းဆော့လို့ Internet သုံးလို့ ကောင်းလိုက်မယ့် အမျိုးပါဖဲ 😁 ။ အဲ USB ကတော့
Micro USB 2.0 ပါ ဒါ့အပြင် စိတ်ပါရင် OTG အသုံးပြုလို့ရပါသေးတယ်။
Other Function ပိုင်းတွေ ...
Accelerometer, proximity, compass စတဲ့ Sensor တွေ
ပါမယ်။ Data ကူးဖို့ချိတ်ဆက်ဖို့ Bluetooth 4.2 ပါမယ်။
ဒီမှာ Official Company ကသွင်းတာမို့ မြန်မာစာ Uni ရော
Zawgyi ရောပါမယ် ကိုကြိုက်တာ သုံးလို့ရတာပေါ့။ ပြီးတော့
Google Service တွေလည်း အကုန်ပါမယ် ။ အဲ အကောင်နဲ့ မလိုက်တဲ့ Game Space တွေပါပါတယ် ။ ရုပ်ပေါက်တာပေါ့ 😄 အဲ GPU တွေ CPU တွေ Boost ပေးမယ်
ဒါပေမယ့် Heat နည်းနည်းတက်ပြီး Power နည်းနည်းစားမယ်ပြောထားတယ် ။ ဒါကတော့ ထုံးစံပါ ။ Game Space
တွေထုံးစံအတိုင်း Call တို့ Message တို့ Noti တို့ Block
ပေးမယ် ။ Brightness ကို Lock ထားလို့ရမယ်။ မဆိုးပါဖူး။
Fingerprint မပါပေမယ့် Face unlock စနစ်ကို အသုံးပြုနိုင်
ပါတယ်။ App တွေကို Split လုပ်သုံးနိုင်မယ်။ Navigation
Key မသုံးချင်ရင် Gestures တွေနဲ့ သုံးရမယ်။ ကားတွေနဲ့
ချိတ်ဖို့ Smart driving mode တွေပါတယ် ။
အနှစ်ချုပ်ပြောမယ်ဆိုရင် ဈေးနှုန်းနဲ့ ဖုန်းနဲ့က တန်ပါတယ် ။
ဘာနေနေ ဈေးနှုန်းသင့်တာဆိုရင် Redmi ဖဲရွေးနေရတာ
ထက်စာရင် Realme လေးပါတိုးလာတော့ ပိုအဆင်ပြေပါတယ်။ Budget ထုံးစံအတိုင်း တအား မမျှော်လင့်ထားသင့်
ပေမယ့် Build Quality ပိုင်းမှာ အားရပါတယ်။ ဒါက Admin ရဲ့ Personal POV ပါ ။ သေချာပေါက် ဖုန်းနဲ့ Internet သုံး
Movie ကြည့်မယ့်သူတွေအတွက် က လက်မလွတ်သင့်တဲ့
SmartPhoneတစ်လုံးဆိုတာကိုတော့ရဲရဲကြီး Recommend
ပေးပါရစေ ...


နောက်ကျောဘက် ကင်မရာပုံစံ Layout အလန်းစားနဲ့  ထွက်လာတဲ့ Mate 30 ပုံရိပ်

နောက်ကျောဘက် ကင်မရာပုံစံ Layout အလန်းစားနဲ့  ထွက်လာတဲ့ Mate 30 ပုံရိပ်

Huawei နဲ့  အမေရိကန်အစိုးရတို့ ကြားထဲကပြသာနာတွေကတော့ ဂျပန်နိုင်ငံ အိုဆာကာမှာ ကျင်းပခဲ့တဲ့ G20 Summit နဲ့ အတူ ပြီးဆုံးသွားပြီလို့ ပြောရတော့မှာပါ။ အဲ့အတွက် ကမ္ဘာ တတိယ အကြီး ဆုံး မိုဘိုင်းလ် ဖုန်းရောင်းချထားနိုင်တဲ့ ကုမ္ပဏီနေရာကနေ ရှေ့ ကို ဆက်ဖို့ ပိုမို အဆင်ပြေစေနိုင်တဲ့အနေအထားတစ်ခုကို ရောက်သွားသလို အခုတစ်ခါမှာတော့ Huawei ကနေ Mate 30 Pro ရဲ့ နောက်ကျောဘက် ကင်မရာ Layout ပုံစံထွက်ရှိလို့ လာခဲ့ပြီ ပဲ ဖြစ်ပါတယ်။ ထုံးစံအတိုင်း Leak ဆိုတော့ ပြောင်းလဲလာတာတွေ ရှိနိုင်သေးသလို Leak အတိုင်းပဲ ထွက်ပေါ်ထားတဲ့ ဖုန်းတွေကလည်း မနည်းမနောဆိုတော့ သေချာပေါက် ဒီပုံစံနဲ့ ထွက်လာမယ်မထွက်လာဖူး ပြောလို့ မရသေးတဲ့အနေအထားမှာ စောင့်ကြည့်ရမဲ့ ပုံစံလို့ ပြောရမှာပါ။အခုထွက်ရှိလာတဲ့ပုံစံအတိုင်းဆိုရင် ကင်မရာ ( ၄ ) လုံးအထိပါဝင်လာနိုင်ဖွယ်ရှိနေပြီး ကင်မရာ Layout ပုံစံကလည်း အခု Mate 20 Series နဲ့ ယှဉ်ရင် လေးထောင့်ပုံကနေ အ၀ိုင်း ပုံစံ ဘက်ကို သိသိသာသာ ပြောင်းလဲသွားတာ ကိုတွေ့ မြင်ရမှာပါ။ ကင်မရာ (၄) လုံးထဲမှာ ဘယ်လို ကင်မရာတွေ ပါဝင်လာမလဲဆိုတာကို ပြောဖို့ စောနေသေးပေမဲ့ 5x Optical Zoom ပါတဲ့ ကင်မရာပါဝင်လာဖို့ သေချာသလောက်ရှိနေပါတယ်။
Huawei အနေနဲ့  Mate Series ဖုန်းတွေကို October ဒါမှမဟုတ် November လလောက်မှသာ ကြေငြာလေ့ရှိတဲ့အတွက်ကြောင့် အခုချိန်ခါကတော့ တော်တော်လေးစောနေသေးတယ်လို့ ပြောရမှာပါ။ Huawei Mate Series Fan တွေထဲမှာရော အခု ကင်မရာ ပုံစံအနေအထားကို သဘောကျရဲ့ လား ဘယ်လို ကင်မရာတွေ ဘယ်လို Specification တွေနဲ့ Mate Series ကို မြင်တွေ့ ချင်လဲဆိုတာ Comment Box မှာဆွေးနွေးပေးသွားလို့ ရပါတယ်ဗျ။

Saturday 6 July 2019

Android နဲ့ MacOS တို့ ထက် Hongmeng OS ကပိုမြန်တယ်လို့ Huawei Founder ပြောကြား

Android နဲ့ MacOS တို့ ထက် Hongmeng OS ကပိုမြန်တယ်လို့ Huawei Founder ပြောကြား

             ပြီးခဲ့တဲ့ တစ်ပါတ်က Donald Trump အနေနဲ့ အမေရိကန် ကုမ္ပဏီတွေအနေနဲ့  Huawei ကို ဆက်လက် လက်တွဲ အလုပ်လုပ်ဆောင်ခွင့် ပြန်လည်ပေးအပ်သွားမယ်လို့ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။ အဲ့အတွက် Huawei အနေနဲ့  Google နဲ့ လည်း ဆက်လက် အလုပ်လုပ်ဆောင်ခွင့် ရရှိသွားပြီ ဖြစ်တဲ့အတွက်ကြောင့် နောင်ထွက်လာမဲ့  Huawei ဖုန်းတွေအတွက် OS ပိုင်းမှာ စိတ်ပူစရာမလို တော့ဘူးလို့ ပြောရမှာပါ။ ဒါပေမဲ့ လည်း Huawei အနေနဲ့ သူတို့ ရဲ့ ကိုယ်ပိုင် OS ဖြစ်တဲ့ Hongmeng OS အတွက်ကိုတော့ ဆက်လက် Development လုပ်ဆောင်နေတယ်လို့ Huawei ရဲ့  CEO နဲ့  Founder ဖြစ်သူ Mr.Ren Zhengfei ကိုယ်တိုင် ထုတ်ပြန်ကြေငြာလိုက်တယ်လို့ သိရှိရပါတယ်။


            Hongmeng OS နဲ့ ပတ်သတ်လို့ အချက်အလက်တွေ ကို တိတိကျကျမသိရှိရသေးပေးမဲ့ အသက် ၇၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့  Huawei ရဲ့ CEO ဖြစ်သူ Mr.Ren က ပြင်သစ်မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Le Point နဲ့  Executive အင်တာဗျူးမှာ Huawei ရဲ့ ကိုယ်ပိုင် Operating System ဟာ Network Switches , Routers , Data Centers တို့ အပြင် Smartphones အစရှိတာတွေမှာအကုန်လုံး အလုပ်လုပ်ဆောင်နိုင်စွမ်းရှိတယ်လို့ ထည့်သွင်းပြောကြားသွားခဲ့တာပါ။ မျက်စိထဲ တန်းမြင်အောင်ပြောရမယ်ဆို Googleရဲ့ Funchsia OS ပုံစံအတိုင်းပဲ လို့ ပြောရမှာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် အမြန်နှုန်းနဲ့ ပတ်သတ်ပြီးတော့လည်း Mr.Ren က Hongmeng OS ဟာ Google ရဲ့  Android OS ထက် ပိုမြန်ဆန်နိုင်တယ်လို့ ပြောကြား MacOS ထက်လည်း
 ပိုမိုမြန်ဆန်နိုင်မယ်ဆိုပြီး ထည့်သွင်းပြောဆိုခဲ့တယ်လို့ သိရှိရပါတယ်။

     MacOS ပါ ထည့်သွင်းပြောကြားသွားခဲ့တဲ့အတွက်ကြောင့် Huawei အနေနဲ့  ကိုယ်ပိုင် OS ကို Laptops တွေ Computers တွေအတွက် ပါအဆင်သင့် ဖြစ်နေပုံရသလို Hongmeng OS ရဲ့  Processing ကြာမြင့်ချိန်ဟာ ၅ မီလီစက္ကန့် ခန့် သာကြာမြင့်မယ်လို့ ပါထည့်သွင်းပြောကြားသွားခဲ့တာပါ။
Hongmeng OS က မြန်ဆန်တယ်ဆိုတဲ့ သတင်းတွေကတော့ ကျွန်တော်တို့ ကြားပြီးသား သတင်းတွေ ဖြစ်တဲ့ အတွက် အထူးအဆန်းမဟုတ်တော့ဘူးလို့ တော့ပြောရမှာပါ။ ဒါ့အပြင် ဒီ OS ကို Devices ပေါင်းစုံမှာ အသုံးပြုနိုင်မယ်ဆိုတာကလည်း သတင်းအထူးအဆန်းမဟုတ်တော့ပေမဲ့ ဒီ OS ကိုဘယ်တော့လောက် စတင်မြင်တွေ့ ရမလဲဆိုတာကတော့ စိတ်ဝင်စားစရာလို့ ပြောရမှာပါ။ Huawei အနေနဲ့ လည်း Huawei Developer Conference ကို လာမဲ့ August လ ၉ ရက်နေ့ မှာ ကျင်းပတော့မှာဖြစ်တဲ့အတွက်ကြောင့် ဒီ Developer Conference ကနေ Huaewi အနေနဲ့ ကိုယ်ပိုင် Hongmeng OS ကို များ ကြေငြာလိုက်လေမလားဆိုတာကတော့ သေချာပေါက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

APK များ

ဆွဲမရဘူး ဆိုတာတွေအတွက် ပြန်တင်ပေးတာပါ
#Crd

ဒါက Foxit Reader
http://www.mediafire.com/…/ob5dxlvo39…/Foxit_Reader.exe/file

ဒါက Mi Diadram
http://www.mediafire.com/…/zai2qacirbb…/MI_Diragram.rar/file

ဒါက Samsung Diagram
http://www.mediafire.com/…/k7cko9u…/Samsung_Diagram.rar/file

ဒါက တစ်ခုချင်း လိုရင် ဆွဲလို့ကောင်းတဲ့ JMH Blog
https://junemoehtet.blogspot.com/…

ဒါက Samsung နဲ့ Oppo တွေ တစ်ခုချင်းအတွက် အဆင်ပြေတဲ့ Phonelumi.com
https://phonelumi.com/schematics/

Manage
ဒါက HD Video Downloder For Mobile Phone
https://play.google.com/store/apps/details…

Vivo Y 53 User Lock Remove

Vivo Y 53 User Lock Remove
Goodတယ်လို့ပြောလို့
ထပ်တင်လိုက်တယ်
Vivo Y53 user lock remove
9008ဝင်(volume +,- ကြိုးထိုး)
အထဲမှာ batchဖိုင်လေးပါပါတယ်
ကျနော်တော့ စမ်းထားပါတယ်
အခန့်မသင့်ရင် logoလည်တတ်ပါတယ်
စမ်းတာတော့မလည်ပါဘူး
အားလုံးကို crdပေးပါတယ်

#batchဖွင့်လို့ passတောင်းရင်
kyaw nyiလို့ရိုက်ပေးပါ

Download Link 1......🎉🎉🎉
https://my.pcloud.com/publink/show…
Download Link 2.....📢📢📢
https://www.dropbox.com/s/n2ksv5agou2kf8x/vivoy53.7z?dl=0

Vivo Y71 User Lock Remove

Vivo Y71 User Lock Remove
Passward က zip file name မှာ ပါတယ်

Download Link......📡📡📡

Omh Qc Services Tool Version 1.2


Omh Qc Services Tool Version 1.2
ဘာ​တွေရလည်း ဆို​တော့​အောက်​က ပုံ​တွေတာကြည့်​လိုက်​​တော့ အရင်​ကလင့်​အဆင်​မ​ပြေလို့ လင့်​အသစ်​ပြန်​တင်​ထား​ပေးပါတယ်
#Crd ...Omh

Passs.......Opt3222221212129

VIVO Y71 / Y85 / Y71

VIVO
Y71 / Y85 / Y71 Etc
Firmware ရေးလိုရမယ်​ Passward remove ရမယ်​ Qulcom only
စမ်းကြည့်​ကြ ကျ​နော်​​တော့မစမ်းရ​သေးဘူး

Sp Flashtool All Version Tool

Sp Flashtool All Version Tool

Download Link........
https://www.mediafire.com/download/ewad2eebr61n4w1  

MMU VIVO Xiaomi MediaTek Unlock Tool v1.0.02

MMU VIVO Xiaomi MediaTek Unlock Tool v1.0.02
#crd
Free Version
Vivo Y91,Y91i,Y91C,Y83 Pro,Y85,Y81 Pin/Password/Pattern Unlock (Just 3 Sec),FRP Unlock
Xiaomi Redmi Pro (omega),Redmi Note 4/4x (nikel) Account Remove (New Account Sign in),Account Bypass စတဲ့ Function တွေပါတဲ့
ဒီ Tool လေးကို ကျွန်တော်တို့ MMU အဖွဲ့ကရေးသားပြီး လက်ဆောင် အဖြစ် Free ပေးလိုက်ပါတယ်

Vivo New Model Pin/Pass/Pattern Unlock Guide
၁. ဖုန်းကိုပါဝါပိတ်ထားပါ
၂. Tool ကိုဖွင့် Brand မှာ Vivo ရွေးပြီး Model မှာ ကိုယ် Lock ဖြုတ်ချင်တဲ့ Model ရွေးပါ
၃. Option မှာ ကိုယ်ဖြုတ်ချင်တဲ့ Lock (FRP ကျနေရင် FRP Unlock ရွေးပါ) အမျိုးအစားရွေးပါ ပြီးရင် Start နှိပ်လိုက်ပါ
4. Log box မှာ Waitting for device လို့ပြရင် ဖုန်းကို PC နဲ့ချိတ်လိုက်ပါ
5. Unlock Done
Redmi Note 4x Account Remove Guide (အကောင့်အသစ်လည်းပြန်သုံးလို့)ရပါတယ်
၁. ဖုန်းကိုပါဝါပိတ်ထားပါ
၂. Tool ဖွင့် Brand မှာ Xiaomi ရွေးပြီး Model မှာ Redmi Note 4/4x (nikel) ရွေးပါ
၃. Option မှာ Xiaomi Account Remove (New Account Sign in) ရွေးပါ
၎. ပြီးရင် ဖုန်းကို ကွန်ပြူတာနဲ့ ချိတ်လိုက်ပါ
၅. Writting Unlock Data OK လို့ပြရင် ဖုန်းကို Recovery ကနေ Wipe Data လုပ်ပေးပါ
၆. ပြန်တက်လာရင် Mi Account Remove ပြီးပါပြီ အင်တာနက်ဖွင့်လို့ရပါတယ် အကောင်အသစ်လည်းပြန်သုံးနိုင်ပါတယ်
Redmi Note 4/4x ယာယီ Bypass လုပ်ချင်ရင်လည်း
Xiaomi Account Bypass (Tamporary Bypass) ကိုရွေးပြီး
ယာယီ Bypass ပြုလုပ်နိုင်ပါတယ်
Good Luck
Myanmar Mobile Unlocking Team.
Download Link : https://www.mediafire.com/file/diugcw8p99va73l/MMU-VX.rar

Image may contain: phone

Hardware သမားများအတွက် ​IC မှတ်စုလေးပေါ့

Hardware သမားများအတွက် ​IC မှတ်စုလေးပေါ့ လိုရမယ်​ရ​ပေါ့ .....လိုခြင်​မှလည်​ လိုမယ်​ထင်​သာပဲ😁😁
Mediatek 😊😊😊
CPU = MT65xx MT67xx eg. MT6572,MT6580,MT6582,MT6589, MT6795,MT6797
Power IC MT63xx eg. MT6320, MT6323, MT6328, MT6331, MT6351, MT6357
Small PMU MT6332P, MT6371P
RF IC = MT61xx eg. MT6166,MT6167,MT6169,MT6177
Wifi IC = MT66xx eg. MT6627, MT6628, MT6631
Qualcomm
CPU = MSMxxxx SDMxxx eg.MSM8625, MSM8212, MSM8916, MSM8917, MSM8940, MSM8953, MSM8956, MSM8994, MSM8998
SDM450, SDM660
Power IC = PMxxxx. PMxxx eg. 8029, PM8110, PM8916, PM8937, PM8940, PM8953, PM8956,
PM8994, PM8996, PM660
Small PMU PMI8952, PMI8940, PMI8994, PM660L
RF IC = RTRxxxx. WTRxxxx. SDRxxx eg. RTR6500, RTR6285, WTR2965, WTR4905
Wifi IC = WCNxxxx. WCNxxxxx eg.WCN3620, WCN3660B, WCN3680B
Audio
WCD xxxx. WCDxxxxx eg. WCD9326
AW87319
SPK PA AW3738, K318, +98927
WSA8815

LoLo Lovely 1 dead fix firmware

LoLo Lovely 1 dead fix firmware ​ရှားပါး​လေး​နော်​ လင့်​မ​သေခင်​ယူထားကြ
http://www.mediafire.com/…/Lolo_Lovely_1_SC7731C_20171124_S…

Reseach download R.4.0.0001

Mi9 #GoogleService

ကဲဒါက​တော့သူများနားက​နေ copy ဆွဲလာဒါ😂
#Mi9
#GoogleService
ကဲဗျာ ဆရာတို့
Mi 9 အတွက် google play store ထည့်ချင်ကြရင် အောက်မှာ ဒေါင်းဗျာ
စမ်းထားပြီးသားပါ


Mi 6X အတွက် Mi Account Bypass လုပ်တဲ့ဖိုင်

#Crd....mpst
Mi 6X အတွက် Mi Account Bypass လုပ်တဲ့ဖိုင်လေးတင်ပေးလိုက်ပါတယ်
9008 Mode ၀င်ပြီး အခုပေးထားတဲ့ဖိုင်ကို Mi Flash 2018 နဲ့ တင်ပေးပါ Auth အကောင့်မလိုပါဘူး
Temporary Bypass File ဖြစ်ပါတယ်
Account ယာယီကျော်သွားရင်တော့ usb debugging on ပြီး
adb command box ကနေ
အောက်က command လေးတွေရိုက်ပေးပါ
adb shell "am set-debug-app -w --persistent com.xiaomi.finddevice"
adb shell "am settings get --user 0 global wait_for_debugger"
အကောင့်ကျော်သွားပါလိမ့်မယ်
Firmware ရေးချင်တယ်ဆို Firmware ထဲက Programmer File နေရာမှာ အခုပေးထားတဲ့ဖိုင်ထဲက Programmer File ကိုအစားထိုးပြီးတင်ပေးပါ
အဆင်ပြေကြပါစေ

File Download Link
http://www.mediafire.com/…/Mi_6X_%2528Wayne%2529_MPST.…/file
Pass - MPST

Mi Flash 2018
http://www.mediafire.com/…/ftqlpty…/MiFlash20180528.zip/file

One Click Fastboot To EDL Mode Tool

ဒီ tool က သူများနားက ခိုးလာသာ အဆင်​​ပြေမယ်​ထင်​ရင်​ မြန်​မြန်းdown ကျ
One Click Fastboot To EDL Mode Tool
Test Point မေးမရ. Jig နဲ့ ၀င်မရတဲ့ ကောင်တေကို
အခု Tool လေးနဲ့ Fastboot ၀င်ပီး EDL Mode ကို
သွားကြရအောင် ... 😎


Download Link

http://www.mediafire.com/…/%255BLiNK%255DOne_Click_Fas…/file

##crd

NCK Crack Tool Ver 2.5.6.2

  NCK Crack Tool Ver 2.5.6.2 ကိုတင်ပေးလိုက်ပါတယ် Install လုပ်နည်း vedio ပါထည့်သွင့်ပေးထားပါတယ် NCK Crack Tool Download https://www.mediafire...