Android နဲ့ MacOS တို့ ထက် Hongmeng OS ကပိုမြန်တယ်လို့ Huawei Founder ပြောကြား
ပြီးခဲ့တဲ့
တစ်ပါတ်က Donald Trump အနေနဲ့ အမေရိကန် ကုမ္ပဏီတွေအနေနဲ့  Huawei ကို
ဆက်လက် လက်တွဲ အလုပ်လုပ်ဆောင်ခွင့် ပြန်လည်ပေးအပ်သွားမယ်လု
ိ့ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။ အဲ့အတွက် Huawei အနေနဲ့  Google နဲ့ လည်း
ဆက်လက် အလုပ်လုပ်ဆောင်ခွင့် ရရှိသွားပြီ ဖြစ်တဲ့အတွက်ကြောင့် နောင်ထွက်လာမဲ
့ Huawei ဖုန်းတွေအတွက် OS ပိုင်းမှာ စိတ်ပူစရာမလို တော့ဘူးလို
့ပြောရမှာပါ။ ဒါပေမဲ့ လည်း Huawei အနေနဲ့ သူတို့ ရဲ့ ကိုယ်ပိုင် OS ဖြစ်တဲ့
Hongmeng OS အတွက်ကိုတော့ ဆက်လက် Development လုပ်ဆောင်နေတယ်လို့ Huawei
ရဲ့  CEO နဲ့  Founder ဖြစ်သူ Mr.Ren Zhengfei ကိုယ်တိုင်
ထုတ်ပြန်ကြေငြာလိုက်တယ်လို့ သိရှိရပါတယ်။
Hongmeng OS နဲ့ ပတ်သတ်လို
့အချက်အလက်တွေ ကို တိတိကျကျမသိရှိရသေးပေးမဲ့ အသက် ၇၅
နှစ်အရွယ်ရှိနေပြီဖြစ်တဲ့  Huawei ရဲ့ CEO ဖြစ်သူ Mr.Ren က
ပြင်သစ်မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Le Point နဲ့  Executive အင်တာဗျူးမှာ Huawei
ရဲ့ ကိုယ်ပိုင် Operating System ဟာ Network Switches , Routers , Data
Centers တို့ အပြင် Smartphones အစရှိတာတွေမှာအကုန်လုံး
အလုပ်လုပ်ဆောင်နိုင်စွမ်းရှိတယ်လို့ ထည့်သွင်းပြောကြားသွားခဲ့တာပါ။
မျက်စိထဲ တန်းမြင်အောင်ပြောရမယ်ဆို Googleရဲ့ Funchsia OS ပုံစံအတိုင်းပဲ
လို့ ပြောရမှာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် အမြန်နှုန်းနဲ့ ပတ်သတ်ပြီးတော့လည်း Mr.Ren က Hongmeng OS ဟာ Google ရဲ့  Android OS ထက် ပိုမြန်ဆန်နိုင်တယ်လို့ ပြောကြား MacOS
ထက်လည်း
ပိုမိုမြန်ဆန်နိုင်မယ်ဆိုပြီး ထည့်သွင်းပြောဆိုခဲ့တယ်လို
့သိရှိရပါတယ်။
MacOS ပါ ထည့်သွင်းပြောကြားသွားခဲ့တဲ့အတွက်ကြောင့် Huawei
အနေနဲ့  ကိုယ်ပိုင် OS ကို Laptops တွေ Computers တွေအတွက် ပါအဆင်သင့်
ဖြစ်နေပုံရသလို Hongmeng OS ရဲ့  Processing ကြာမြင့်ချိန်ဟာ ၅ မီလီစက္ကန်
့ခန့် သာကြာမြင့်မယ်လို့ ပါထည့်သွင်းပြောကြားသွားခဲ့တာပါ။
Hongmeng
OS က မြန်ဆန်တယ်ဆိုတဲ့ သတင်းတွေကတော့ ကျွန်တော်တို့ ကြားပြီးသား သတင်းတွေ
ဖြစ်တဲ့ အတွက် အထူးအဆန်းမဟုတ်တော့ဘူးလို့ တော့ပြောရမှာပါ။ ဒါ့အပြင် ဒီ OS
ကို Devices ပေါင်းစုံမှာ အသုံးပြုနိုင်မယ်ဆိုတာကလည်း
သတင်းအထူးအဆန်းမဟုတ်တော့ပေမဲ့ ဒီ OS ကိုဘယ်တော့လောက် စတင်မြင်တွေ
့ရမလဲဆိုတာကတော့ စိတ်ဝင်စားစရာလို့ ပြောရမှာပါ။ Huawei အနေနဲ့ လည်း Huawei
Developer Conference ကို လာမဲ့ August လ ၉ ရက်နေ့ မှာ
ကျင်းပတော့မှာဖြစ်တဲ့အတွက်ကြောင့် ဒီ Developer Conference ကနေ Huaewi
အနေနဲ့ ကိုယ်ပိုင် Hongmeng OS ကို များ ကြေငြာလိုက်လေမလားဆိုတာကတော့
သေချာပေါက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
No comments:
Post a Comment