Sunday 7 July 2019

Realme C1 အကြောင်း လေ့လာကြည့်ခြင်း

Realme C1 အကြောင်း လေ့လာကြည့်ခြင်း ..!
Realme ဆိုတာ Oppo ရဲ့ Sub Brand တစ်ခုဖြစ်ပြီးတော့
Mid-range နဲ့ Budget series တွေထဲမှာ ထိုးဖောက်ဖို့
အားအင်အပြည့်နဲ့ ဝင်ရောက်လာပါပြီ ယခုလောလောဆယ်
ပြည်တွင်း ဈေးကွက်ထဲမှာတော့ Realme C1 ကို ဝယ်ယူ
ရရှိနိုင်ပြီး သူ့အချက်အလက်လေးတွေကို တချက်လောက်
ကြည့်လိုက်ရအောင်......
ပထမဆုံးက တည်ဆောက်ပုံပေါ့..
သူ့တည်ဆောက်ပုံက ရိုးရှင်းပါတယ် ။ budget ဖုန်းဖြစ်တာ
နဲ့ အညီ Plastic body ကိုမှ ခုခေတ်ဖုန်းတွေရဲ့ Design
ဖြစ်တဲ့ကျောဖက် Glass နဲ့ပါ။ Plastic Body ဖြစ်တာကြောင့်
Metal တွေထက်တော့ပေါ့ပါတယ်။ ဒါပေမယ့် စီးစီးပိုင်ပိုင်နဲ့
ကိုင်ရတာ အဆင်ပြေပါတယ် ။ အောက်ဖက်မှာ Speaker ရယ် Mic ရယ် USB 2.0 ပေါက်ရယ် 3.5 mm နားကြပ်ရယ်
ပါပြီး ဘယ်ဘက်မှာတော့ Volume Rock တွေရယ် SIM tray ရယ်ပါပါတယ် ။ ညာဘက်ကတော့ ထုံးစံအတိုင်း Power ခလုတ်ပါ ။
ပြီးတော့ သူ့ရဲ့ Display ..
Budget ဖုန်းတလုံးမှာ မသုံးကြတဲ့ 6.2 inch မျက်နှာပြင်ကို
တပ်ပေးထားတာကတော့ တော်တော်အားရစရာပါ။
ရုတ်တရက်ကြည့်မယ်ဆိုရင်တောင် Budget ဖုန်းလို့
ထင်စရာမရှိတဲ့ Display ပေါ့ ။ 19:9 ဆိုတော့ Full View
ဖြစ်တယ်။ IPS LCD Display ဆိုတော့ ကြည်ပြီးလှပတယ်။
ဒါပေမယ့် Resolution က 720 x 1520 pixels ဖဲရှိတာမို့ Budget ဖုန်းဆိုတော့ အများကြီးမျှော်လင့်ထားလို့မရဖူးပေါ့။
ဒါပေမယ့် ကြည့်ရတာ မိုက်တယ်။ တန်ဖိုးနည်းတယ်လို့
ထင်ရက်စရာမရှိဖူး။ ခုခေတ်ဖုန်းတွေလို သူလည်း ဂျိုလေးနဲ့ဆိုတော့ နည်းနည်း Style ကျသွားတာ အမှန်ဖဲဗျ။ Corning Gorilla Glass 3 လေးလည်းပါတော့ ပိုစိတ်ချသွားရတာပေါ့။
သူ့ရဲ့ Platform ...
ဈေးနှုန်းသင့် Budget ဖုန်းပေမယ့် Android Version 8.1
(Oreo) ကိုမှ Color OS 5.1 နဲ့ပါ .. Oppo Sub Brand
ဖြစ်လို့ Ui အတွက် ထွေထွေထူးထူးပြင်စရာမလိုပါဖူး ။
Chipset ကတော့ Qualcomm ရဲ့ Snapdragon 450 ဗျ ။
ခုနောက်ပိုင်းမှာ MTK တောင် နည်းနည်းငုတ်သွားသလိုပါဖဲ
SD တွေ တအားသုံးလာကြတယ် ။ ရေရှည်လဲ အဆင်ပြေတယ်ပေါ့။ ဟုတ်ပြီ အဲဒီ SD 450 ကိုမှ Octa-core နဲ့ပါ။
GPU က Adreno 506 နဲ့ ။ မဆိုးပါဖူးသူ့အိုး သူ့ဆန်ကတော့
လုံးဝ တန်ပါတယ်။ PUBG ဘာညာတော့ ဆော့လို့ရပါမယ် ။
အရမ်းကြီး လန်ထွက်နေဖို့တော့ မျှော်လင့်လို့မရပါဖူး ။သတိချပ်ရမှာ သူက Budget ဖုန်းပါ။
Storage ပိုင်းမှာက.....
RAM 2 GB ကိုမှ 16GB နဲ့ဝင်ပါမယ်။ RAM အနေအထားအနေနဲ့ နည်းတယ်လို့ထင်ကောင်းထင်နိုင်ပါတယ်။
ဒါပေမယ့် PUBG ရဲ့ Minimum Requirement က RAM 2GB ဖြစ်နေလို့ဆော့ရတာပါ။ Storage 16 GB ကလည်း
နည်းတယ်လို့ ထင်ရပြန်ရော .. ဒါပေမယ့် သူ့ sim tray က
Hybrid မဟုတ်တာကြောင့် SIM 2 ကတ်အပြင် SD card ပါတပြိုင်တည်း ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ 256GB ထိ
Support လုပ်တာဆိုတော့ Storage ပြသနာက အလောက်
ကြီးကြီးမားမား မဟုတ်တော့ပါဖူး။
Budget ဖုန်းရဲ့ Camera တွေက....
Main Cam ကတော့ Dual Cam ကို အသုံးပြုတားပါတယ်။
13 MP, f/2.2 Auto focus နဲ့ 2MP f/2.4 ,depth sensor
တပ်ဆင်ပေးထားပါတယ်။ Time-lapse တွေ Video တွေ သာမက Portrait ရယ် Sticker တွေရယ်ကိုလည်း
ထည့်ပေးထားပါတယ်။ Beauty mode တွေရယ် Filter တွေရယ်ကလည်း အဆင်သင့်ပါဖဲ။ Selfie ကတော့ 5MP
Single Cam ဖြစ်ပြီး f/2.2 နဲ့ပါ။
Battery အပိုင်း ...
Big Screen , Big Battery လို့ပြောရမှာပါဖဲ .. Budget ထဲမှာမှ Li-Ion 4230 mAh battery နဲ့ဆိုတော့တော်တော်ကြီး
ဂေါ်ပါတယ်။ အမုန်းသုံးရုံပါဖဲ။ ဒါပေမယ့် ဖြုတ်တပ်တော့
လုပ်မရပါဖူး။ Bettery အသေပါ။ ဂိမ်းဆော့လို့ Internet သုံးလို့ ကောင်းလိုက်မယ့် အမျိုးပါဖဲ 😁 ။ အဲ USB ကတော့
Micro USB 2.0 ပါ ဒါ့အပြင် စိတ်ပါရင် OTG အသုံးပြုလို့ရပါသေးတယ်။
Other Function ပိုင်းတွေ ...
Accelerometer, proximity, compass စတဲ့ Sensor တွေ
ပါမယ်။ Data ကူးဖို့ချိတ်ဆက်ဖို့ Bluetooth 4.2 ပါမယ်။
ဒီမှာ Official Company ကသွင်းတာမို့ မြန်မာစာ Uni ရော
Zawgyi ရောပါမယ် ကိုကြိုက်တာ သုံးလို့ရတာပေါ့။ ပြီးတော့
Google Service တွေလည်း အကုန်ပါမယ် ။ အဲ အကောင်နဲ့ မလိုက်တဲ့ Game Space တွေပါပါတယ် ။ ရုပ်ပေါက်တာပေါ့ 😄 အဲ GPU တွေ CPU တွေ Boost ပေးမယ်
ဒါပေမယ့် Heat နည်းနည်းတက်ပြီး Power နည်းနည်းစားမယ်ပြောထားတယ် ။ ဒါကတော့ ထုံးစံပါ ။ Game Space
တွေထုံးစံအတိုင်း Call တို့ Message တို့ Noti တို့ Block
ပေးမယ် ။ Brightness ကို Lock ထားလို့ရမယ်။ မဆိုးပါဖူး။
Fingerprint မပါပေမယ့် Face unlock စနစ်ကို အသုံးပြုနိုင်
ပါတယ်။ App တွေကို Split လုပ်သုံးနိုင်မယ်။ Navigation
Key မသုံးချင်ရင် Gestures တွေနဲ့ သုံးရမယ်။ ကားတွေနဲ့
ချိတ်ဖို့ Smart driving mode တွေပါတယ် ။
အနှစ်ချုပ်ပြောမယ်ဆိုရင် ဈေးနှုန်းနဲ့ ဖုန်းနဲ့က တန်ပါတယ် ။
ဘာနေနေ ဈေးနှုန်းသင့်တာဆိုရင် Redmi ဖဲရွေးနေရတာ
ထက်စာရင် Realme လေးပါတိုးလာတော့ ပိုအဆင်ပြေပါတယ်။ Budget ထုံးစံအတိုင်း တအား မမျှော်လင့်ထားသင့်
ပေမယ့် Build Quality ပိုင်းမှာ အားရပါတယ်။ ဒါက Admin ရဲ့ Personal POV ပါ ။ သေချာပေါက် ဖုန်းနဲ့ Internet သုံး
Movie ကြည့်မယ့်သူတွေအတွက် က လက်မလွတ်သင့်တဲ့
SmartPhoneတစ်လုံးဆိုတာကိုတော့ရဲရဲကြီး Recommend
ပေးပါရစေ ...


No comments:

Post a Comment

NCK Crack Tool Ver 2.5.6.2

  NCK Crack Tool Ver 2.5.6.2 ကိုတင်ပေးလိုက်ပါတယ် Install လုပ်နည်း vedio ပါထည့်သွင့်ပေးထားပါတယ် NCK Crack Tool Download https://www.mediafire...