Sunday 7 July 2019

နောက်ကျောဘက် ကင်မရာပုံစံ Layout အလန်းစားနဲ့  ထွက်လာတဲ့ Mate 30 ပုံရိပ်

နောက်ကျောဘက် ကင်မရာပုံစံ Layout အလန်းစားနဲ့  ထွက်လာတဲ့ Mate 30 ပုံရိပ်

Huawei နဲ့  အမေရိကန်အစိုးရတို့ ကြားထဲကပြသာနာတွေကတော့ ဂျပန်နိုင်ငံ အိုဆာကာမှာ ကျင်းပခဲ့တဲ့ G20 Summit နဲ့ အတူ ပြီးဆုံးသွားပြီလို့ ပြောရတော့မှာပါ။ အဲ့အတွက် ကမ္ဘာ တတိယ အကြီး ဆုံး မိုဘိုင်းလ် ဖုန်းရောင်းချထားနိုင်တဲ့ ကုမ္ပဏီနေရာကနေ ရှေ့ ကို ဆက်ဖို့ ပိုမို အဆင်ပြေစေနိုင်တဲ့အနေအထားတစ်ခုကို ရောက်သွားသလို အခုတစ်ခါမှာတော့ Huawei ကနေ Mate 30 Pro ရဲ့ နောက်ကျောဘက် ကင်မရာ Layout ပုံစံထွက်ရှိလို့ လာခဲ့ပြီ ပဲ ဖြစ်ပါတယ်။ ထုံးစံအတိုင်း Leak ဆိုတော့ ပြောင်းလဲလာတာတွေ ရှိနိုင်သေးသလို Leak အတိုင်းပဲ ထွက်ပေါ်ထားတဲ့ ဖုန်းတွေကလည်း မနည်းမနောဆိုတော့ သေချာပေါက် ဒီပုံစံနဲ့ ထွက်လာမယ်မထွက်လာဖူး ပြောလို့ မရသေးတဲ့အနေအထားမှာ စောင့်ကြည့်ရမဲ့ ပုံစံလို့ ပြောရမှာပါ။အခုထွက်ရှိလာတဲ့ပုံစံအတိုင်းဆိုရင် ကင်မရာ ( ၄ ) လုံးအထိပါဝင်လာနိုင်ဖွယ်ရှိနေပြီး ကင်မရာ Layout ပုံစံကလည်း အခု Mate 20 Series နဲ့ ယှဉ်ရင် လေးထောင့်ပုံကနေ အ၀ိုင်း ပုံစံ ဘက်ကို သိသိသာသာ ပြောင်းလဲသွားတာ ကိုတွေ့ မြင်ရမှာပါ။ ကင်မရာ (၄) လုံးထဲမှာ ဘယ်လို ကင်မရာတွေ ပါဝင်လာမလဲဆိုတာကို ပြောဖို့ စောနေသေးပေမဲ့ 5x Optical Zoom ပါတဲ့ ကင်မရာပါဝင်လာဖို့ သေချာသလောက်ရှိနေပါတယ်။
Huawei အနေနဲ့  Mate Series ဖုန်းတွေကို October ဒါမှမဟုတ် November လလောက်မှသာ ကြေငြာလေ့ရှိတဲ့အတွက်ကြောင့် အခုချိန်ခါကတော့ တော်တော်လေးစောနေသေးတယ်လို့ ပြောရမှာပါ။ Huawei Mate Series Fan တွေထဲမှာရော အခု ကင်မရာ ပုံစံအနေအထားကို သဘောကျရဲ့ လား ဘယ်လို ကင်မရာတွေ ဘယ်လို Specification တွေနဲ့ Mate Series ကို မြင်တွေ့ ချင်လဲဆိုတာ Comment Box မှာဆွေးနွေးပေးသွားလို့ ရပါတယ်ဗျ။

No comments:

Post a Comment

NCK Crack Tool Ver 2.5.6.2

  NCK Crack Tool Ver 2.5.6.2 ကိုတင်ပေးလိုက်ပါတယ် Install လုပ်နည်း vedio ပါထည့်သွင့်ပေးထားပါတယ် NCK Crack Tool Download https://www.mediafire...